ဗစ်တိုးရီးယားအမှုတွင် သံသယရှိသူကို ဖမ်းဆီးထားပြီးဖြစ်သော်လည်း မူလအစီအစဉ်အတိုင်း  စီအိုင်ဒီ ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်

06 July 2019
ဗစ်တိုးရီးယားအမှုတွင် သံသယရှိသူကို ဖမ်းဆီးထားပြီးဖြစ်သော်လည်း မူလအစီအစဉ်အတိုင်း  စီအိုင်ဒီ ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်

ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံဖြစ်သူ ယာဉ်မောင်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲတင်လိုက်ပြီဖြစ် သော်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် မူလအစီအစဉ်အတိုင်း ပြောင်းလဲမှုမရှိ ရန်ကုန်မြို့၊ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ နောက်မျိုးဆက်များအတွက် လွတ်လပ်လုံခြုံစိတ်ချရ သည့်  လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အင်းစိန်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားတွင် လူစုပြီး ယင်းစုရပ်မှ စတင်ထွက်ခွာကာ အင်းစိန် CID ရုံးရှေ့ထိ လမ်းလျှောက်ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအအပြည့်အစုံ - http://www.mizzimaburmese.com/article/58545

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly