ဒူးကောက်ကြောဒဏ်ရာကြောင့် အဂူရိုတစ်လခန့် အနားယူရဖွယ်ရှိ

ဒူးကောက်ကြောဒဏ်ရာကြောင့် အဂူရိုတစ်လခန့် အနားယူရဖွယ်ရှိ

အောက်တိုဘာ ၁၀၊ မန်ချက်စတာ ။              ။ နိုင်ငံလက်ရွေးစင် အသင်းနှင့်ကစားစဉ် ဒူးကောက်ကြောဒဏ်ရာရခဲ့သော မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် တစ်လခန့်အနားယူရဖွယ်ရှိနေ သည်။

ပြီးခဲ့သည့်တစ်ပတ်က နယူးကာဆယ်အသင်းဘက်သို့ ငါးဂိုးသွင်းနိုင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် အဂူရိုသည် အာဂျင်တီးနားအသင်းက အီကွေဒေါကိုရှုံးသည့်ပွဲတွင် ပွဲချိန် ၂၂ မိနစ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"ကျွန်တော် တစ်လလောက်တော့ မကစားနိုင်သေးဘူးထင်တယ်"ဟု အဂူရိုက ပြောသည်။ သောကြာနေ့တွင် စပိန်အသင်းက လူဇင်ဘတ်ကို ၄-၀ ဖြင့်နိုင်သည့်ပွဲတွင်   ဒေးဗစ်ဆေးလ်ဗား   ခြေကျင်းဝတ်နာသွားခြင်းကြောင့်လည်း မန်စီးတီးအသင်း၏ ဒဏ်ရာပြဿနာမှာ တိုးမြင့်လာနေ သည်။

အသက် ၂၉ နှစ်အရွယ်ရှိကွင်းလယ်ကစားသမားသည် လူဇင်ဘတ်ကွင်းလယ်လူ လားစ်ဂျာဆင်၏ ဖျက်ထုတ်မှုကြောင့် ပထမပိုင်းပွဲချိန်အစော ပိုင်းမှာပင် ဒဏ်ရာရသွားခြင်းဖြစ်သည်။

ဆေးလ်ဗားဒဏ်ရာမှပြန်ကောင်းလာမည့်ရက်ကို မသိဟု စပိန်နည်းပြဒဲလ်ဘော့စကေးက ပြောဆိုထားသည်။

အဂူရိုသည် အောက်တိုဘာ ၂၅ တွင်ကစားမည့် ပထမဆုံးမန်ချက်စတာဒါဘီပွဲအပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲ၊ ဆီဗီလာနှင့် ချန်ပီယံ လိဂ်ပွဲနှစ်ပွဲကို လွဲချော်ရဖွယ်ရှိနေသည်။

အဂူရိုမပါနိုင်လျှင် ဘိုနီကအထောင်တိုက်စစ်မှူးနေရာယူရဖွယ်ရှိပြီး လူငယ်တိုက်စစ်မှူး အီဟီယာနာချိုက အရန်တိုက်စစ်မှူးအဖြစ် ကစားရ မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly