ONE:WARRIORS OF LIGHT စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်များနှင့် ပြိုင်ပွဲရလဒ်များ

ONE:WARRIORS OF LIGHT စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်များနှင့် ပြိုင်ပွဲရလဒ်များ

ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာ အားကစားအဖွဲ့အစည်းဖြစ်သော ONEChampionship သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ဒုတိယအကြိမ် ပြန်လည်ရောက်ရှိချိန်တွင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲနှစ်ပွဲအပါအဝင် တွဲဆိုင်းပေါင်း ၁၂ တွဲအား ဆောင်ယူလာခဲ့သည်။

လက်ရှိONE Championship ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-OGaiyanghadao သည်  စိန်ခေါ်သူ ဂျပန်အားကစားသမားHiroaki“Kaibutsukun” Suzuki နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ
 အိမ်ရှင်ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ဘန်ကောက်မြို့တွင်ကျင်းပခဲ့ သော အဆိုပါ ONE:WARRIORS OF LIGHT ပြိုင်ပွဲကြီး၏ ဒုတိယ အဓိကတွဲဆိုင်းအဖြစ်ကျင်းပခဲ့သော မြို့ခံအားကစားသမား “The Baby Shark” PetchdamPetchyindee Academy နှင့် ပြင်သစ် - အယ်ဂျီးရီးယန်းElias“TheSniper”Mahmoudiတို့၏ONEChampionshipပထမဆုံးသောဖလိုင်းဝိတ်KickBoxingကမ္ဘာ့ချန်ပီယံပွဲစဉ်မှာလည်းကံဆိုးစွာဖြင့်ပြိုင်ပွဲပြီးဆုံးသည့်အထိမယှဉ်ပြိုင်နိုင်ခဲ့ကြသော်လည်း ပရိသတ်များအား စိတ်လှုပ်ရှားဖွယ်ရသအပြည့်ပေးစွမ်းနိုင်သည့် အကြိတ်အနယ်ပြိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။

ONE:WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် အနိုင်ယူရန်ခက်ခဲလွန်းသူအဖြစ် ရပ်တည်နေဆဲ Nong – O

မေလ၁ဝရက်နေ့ ညနေခင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပခဲ့သည့် ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် ONE Championship ဘန်တန်ဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao သည် စိန်ခေါ် သူ Hiroaki Suzuki အား ဒိုင်အားလုံး၏တညီတညွှတ်တည်းအနိုင်ပေးမှုဖြင့် အနိုင်ရကာ၎င်း၏ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

အကဲစမ်းထိုးသတ်သည့် ပထမအချီနောက်ပိုင်းမှစ၍ လက်ရှိချန်ပီယံ Nong-O သည် ပြိုင်ပွဲအား လွှမ်းမိုးထား နိုင်ခဲ့ပြီး ပြိုင်ဘက်Suzukiမှာ ခြိမ်းခြောက်နိုင်သည့်အနေအထားမရှိ ဖြစ်ခဲ့ရသည်။

ချန်ပီယံNong-Oက ပြိုင်ဘက်၏ ဘယ်ဘက်အခြမ်းအလယ်ပိုင်းအား တရစပ်တိုက်စစ်ဆင်နေခဲ့ခြင်းကြောင့် တစ်ဖက်လူမှာ ထိုးကွက်တည်မရလောက်အောင် ဖြစ်ခဲ့ရသည်။ ပြိုင်ပွဲအစောပိုင်းကတည်းကပစ်မှတ်ရှာတွေ့ခဲ့သည့် Nong-O သည် ပြိုင်ပွဲတစ်လျှောက်လုံး တစ်နေရာတည်းအား ပစ်မှတ်ထားပြီး ထပ်ခါထပ်ခါတိုက်ခိုက်ထိုးနှက်ခဲ့သည်။

ပြိုင်ဘက်Suzuki သည် တစ်ချိန်လုံးဖိအားပေးခံနေရသည့်ကြားမှ အဖွင့်တိုက်စစ် အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော်လည်း အသက် ၃၄နှစ်ရှိသူ ဂျပန်အားကစားသမားသည် ထိုင်းချန်ပီယံ၏ခံစစ်ကို မချိုးဖောက်နိုင်ဘဲရှိနေခဲ့ရသည်။ဤပြိုင်ပွဲသည်ချန်ပီယံNongOအတွက်ပြတ်ပြတ်သားသားအောင်ပွဲခံနိုင်သည့်ပွဲတပွဲဖြစ်ခဲ့ရာONEChampionshipတွင်၎င်း၏နောက်ထပ်ပြိုင်ဘက်ကောင်းမည်သူဖြစ်လာမည်ဆိုသည်မှာများစွာ စိတ်ဝင်စားဖွယ်ဖြစ်နေပါသည်။

ဖလိုင်းဝိတ် Kick Boxing ချန်ပီယံဘွဲ့အားဆွတ်ခူးနိုင်ခဲ့သူ Petchdam

ONE:WARRIORS OF LIGHT ပြိုင်ပွဲကြီး၏ ဒုတိယအဓိကတွဲဆိုင်းအဖြစ်ကျင်းပခဲ့သောပွဲစဉ်တွင် အိမ်ရှင်အားကစားသမား Petchdam Petchyindee Academy သည် ဒိုင်အားလုံး၏ တညီတညွှတ်တည်းအနိုင်ပေးမှုဖြင့် အနိုင်ရရှိခဲ့ပြီး ONE Championship ၏ ပထမဆုံးသော ဖလိုင်းဝိတ်Kick Boxing ကမ္ဘာ့ချန်ပီယံဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့သည်။

ပြိုင်ပွဲ၏ပဥၥမအချီစတင်ချိန်တွင်ထိုင်းအားကစားသမား၏ထိုးနှက်မှုကြောင့်မတော်တဆထိခိုက်ခဲ့ရသောပြိုင်ဘက်AlgerianEliasMahmoudiသည်အနားယူဆေးစစ်ချိန်၃မိနစ်နောက်ပိုင်းဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် ပြိုင်ပွဲအား ရပ်တန့်ခဲ့ရသည်။ အလွန်စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲဖြစ်ခဲ့ခြင်းကြောင့်ထိုကဲ့သို့ ရပ်တန့်ခဲ့ရခြင်းမှာ ပရိသတ်များအတွက် အားမလို အားမရဖြစ်စရာဖြစ်ခဲ့ရသည်။

ပြိုင်ဘက်နှစ်ဦးစလုံးတိုက်စစ်ဆင်ကစားခဲ့ခြင်းဖြစ်သော်လည်း Mahmoudi သည် ပွဲစ၍မကြာမီ စက္ကန့်ပိုင်း အတွင်း ပထမဆုံးသော ထိရောက်သည့် ထိုးနှက်မှုအား စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် ကံဆိုးသည့်အချက်မှာ တံထောင်တိုက်ချက်ဖြစ်နေခဲ့ပြီး Kick Boxing စည်းမျဉ်းများအရ တရားမဝင်သည့် တိုက်ခိုက်မှုဖြစ်နေခဲ့သည်။တရားမဝင်သည့်ထိုးနှက်မှုအတွက်ဒိုင်လူကြီးကMahmoudiအားသတိပေးသည့်အနေဖြင့်အဝါကဒ်ပြသခဲ့သည်။

သို့သော်အသက်၂၁နှစ်သာရှိသေးသည့်Mahmoudiသည်ပထမအချီမှာပင်တွဲလုံးများပစ်သွင်းတိုက်ခိုက်ခြင်းဖြင့်ပြိုင်ဘက်ထိုင်းအားကစားသမား၏လေးစားမှုကိုရရှိခဲ့သည်။Petchdamသည်နောက်ဆုံးယှဉ်ပြိုင်ခဲ့သောပြိုင်ဘက် ၃ဦးစလုံးအား အလဲထိုးအနိုင်ယူခဲ့ရာ အသက် ၂ဝနှစ်သာ ရှိသေးသည့် ထိုင်းအားကစားသမားသည်Mahmoudi အားလည်း အဆိုပါ အလဲထိုးစာရင်းတွင် ထည့်သွင်းရေတွက်နိုင်ရန် လွန်စွာစိတ်အားထက်သန်နေခဲ့သည်။

Petchdamအနေဖြင့် အကောင်းဆုံး ကြိုးစားတိုက်ခိုက်သော်လည်း Mahmoudi သည် တစ်ချက်မှနောက်မတွန့်သွားခဲ့ဘဲ အကြိတ်အနယ်ထိုးသတ်ခဲ့သည်။ လေးချီပြီးဆုံးသည့်အထိ ၎င်းတို့နှစ်ဦး၏ပြိုင်ပွဲမှာ ပရိသတ်များအား စိတ်လှုပ်ရှားမှု အပြည့်အဝပေးနိုင်သည့် ပြင်းထန်အားပါသော ထိုးနှက်ချက်များဖြင့် အပြန်အလှန်တိုက်ခိုက်သည့်ပွဲကောင်းတပွဲဖြစ်ခဲ့သည်။

သို့သော်မထင်မှတ်သည့် မတော်တဆ တိုက်ခိုက်မှုကြောင်ြ ပြိုင်ပွဲအား ရပ်တန့်ခဲ့ရသည့်အတွက် ပရိသတ်များနှင့် အားကစားသမားနှစ်ဦးစလုံအတွက် စိတ်ကသိကအောင့်ဖြစ်စရာဖြစ်ခဲ့ရသည်။ သို့သော်လည်း နောင်တစ်ချိန်တွင် ၎င်းတို့နှစ်ဦး မကျေပွဲနွှဲကြဦးမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သည့် Toddကယ်လီဖိုးနီးယားပြည်နယ်မှJanet Todd သည် တရုတ်တိုင်ပေမှWangChin Long အား ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူပြီး ပထမဆုံးသောONE Championship အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့သည်။

ပြိုင်ပွဲစတင်ချိန်မှစ၍ Todd က လွှမ်းမိုးနိုင်ခဲ့ပြီး အသက် ၃၃နှစ်အရွယ်အမေရိကန်အားကစားမယ်သည် တိုက်စစ်အရှိန်ကိုထိန်းပြီး ကစားသွားနိုင်ခဲ့သည်။ သူသည် ပွဲစဉ်တစ်လျှောက်လုံး ပြတ်သားပြီးအားပါသော ထိုးနှက်မှုများဖြင့် ပြိုင်ဘက်အား ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ပြိုင်ဘက် Wang Chin Long သည် Todd အား ခြိမ်းခြောက်နိုင်စွမ်းလုံးဝမရှိသည့်အခြေအနေတွင်ရှိနေခဲ့သည်။

ONE: WARRIORS OF LIGHT ပြိုင်ပွဲကြီးတွင် ONE Super Series ပွဲစဉ်အဖြစ်တစ်ကျော့ပြန်ယှဉ်ပြိုင်ရာ၌ ပိုမိုကောင်းမွန်သော စွမ်းဆာင်ရည်ကို ပြသနိုင်ရန် မျှော်မှန်းထားခဲ့သော Janet “JT” Todd သည် ၎င်းမျှော်မှန်းခဲ့သည့်အတိုင်း ပရိုဖက်ရှင်နယ်ပီသပြီး ပိုမိုကောင်းမွန်ပြည့်စုံသော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့် Todd သည် စူပါစီးရီး၏အကောင်းဆုံး ကို်ယ်ခံပညာ အားကစားမယ်များတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ပြီဟု ဆိုရပါမည်။

ONE:Warriors Of Light ပြိုင်ပွဲရလဒ်အပြည့်အစုံ

MainCard:

  • HiroakiSuzuki အား ဒိုင်အားလုံး ဆုံးဖြတ်ချက်ဖြင့် Nong-O Gaiyanghadao အနိုင်ရ
  • နည်းစနစ်ဆုံးဖြတ်ချက်ဖြင့်Petchdam Petchyindee Academy မှ Elias Mahmoudi အားအနိုင်ရ
  • ဒုတိယအချီဒိုင်ပွဲရပ်ဖြင့် Shoko Satoမှ Mark Fairtex Abelardo  အားအနိုင်ရ
  • ဒုတိယအချီအလဲထိုးဖြင့်Rodtang Jitmuangnon မှ Thy အားအနိုင်ရ
  • ပထမအချီအလဲထိုးဖြင့်Pongsiri Mitsatitမှ Robin Catalan အားအနိုင်ရ
  • ဒိုင်အားလုံးအမှတ်ဖြင့်Zhang Chenglong မှ Panicos Yusuf အားအနိုင်ရ
  •  ဒုတိယအချီဒိုင်ပွဲရပ်ဖြင့်Kazuki Tokudome မှ Adrian Pang အားအနိုင်ရ

PreliminaryCard:

  •  ဒိုင်အားလုံးဆုံးဖြတ်ချက်ဖြင့် Savvas Michael မှ Singtongnoi Por Telakun အားအနိုင်ရ
  • ဒိုင်အားလုံးဆုံးဖြတ်ချက်ဖြင့် Superlek Kiatmoo9 မှ Rui Botelho အနိုင်ရ
  • ဒုတိယအချီအလဲထိုးဖြင့်Pieter Buistမှ Kota Shimoishi အားအနိုင်ရ
  •  ဒုတိယအချီဒိုင်ပွဲရပ်ဖြင့် Janet Todd မှ Wang Chin Long အားအနိုင်ရ
  • ဒိုင်အားလုံးဆုံးဖြတ်ချက်ဖြင့် Hexigetu မှ Ovais Shah အားအနိုင်ရ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required