ဆီးရီးယားလေကြောင်းထိုးစစ်အရေး ရုရှနှင့် အမေရိကန် ဆွေးနွေးတော့မည်

ဆီးရီးယားလေကြောင်းထိုးစစ်အရေး ရုရှနှင့် အမေရိကန် ဆွေးနွေးတော့မည်

ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းထိုးစစ်များ ဆင်နွှဲလျက်ရှိရာ လုံခြုံမှုအရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးရန် ရုရှက သဘောတူထားသည်ဟု ပင်တဂွန်က ပြောသည်။

ဆွေးနွေးပွဲများက ရက်ပိုင်းအတွင်း ပေါ်ပေါက်လာဖွယ်ရာရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ပီတာကွတ်က ဆိုသည်။

ဆီးရီးယားနိုင်ငံအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ဖက်စလုံးက ဆင်နွှဲလျက်ရှိနေရာ မတော်တဆထိပ်တိုက်တွေ့မှု များဖြစ်လာရန်၍ စိုးရိမ်နေရသည့် အခြေအနေများရှိထားသည်။

အနေရိကန်နှင့် မဟာမိတ်နေတိုးတို့က တူရကီလေပိုင်နက်အတွင်း ရုရှလေယာဉ်များကျုးဝင်မှုများဖြစ်ခဲ့ခြင်းကြောင့် သတိတပ်လှန့်အနေအထားရောက်နေသည်။

ဆီးရီးယားစစ်မြေတွင် ရုရှဂျက်တိုက်လေယာဉ်များနှင့် အမေရိကန်လေယာဉ်များ နီးကပ်စွာ ဆုံကြုံမှုမဖြစ်ရေးအတွက် ဗျူဟာချလုပ်ဆောင်မှုကို ရည်သန်လုပ်ဆောင်နေကြောင်း ပင်တဂွန်တာဝန်ရှိသူများက ယခုသီတင်းပတ်က ပြောခဲ့သည်။

အောက်တိုဘာ ၁ ရက်နောက်ပိုင်းတွင် ရုရှနှင့် ဆွေးနွေးပွဲများ ကျင်းပလာမည်ဟုပြောသော်လည်း အသေးစိတ်ကို ၎င်းပင်တဂွန်တာဝန်ရှိသူများက ပြောကြားခြင်းမရှိပေ။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required