ဖေ့ဘွတ်၊ အင်စတာဂရမ်၊ WhatsApp တစ်ကမ္ဘာလုံးအနှံ့ ပြတ်တောက်

ဖေ့ဘွတ်၊ အင်စတာဂရမ်၊ WhatsApp တစ်ကမ္ဘာလုံးအနှံ့ ပြတ်တောက်
ဓာတ်ပုံ-AFP

ဇူလိုင် ၃ ။          ။ မိတ်ဆွေရဲ့ ဖေ့စ်ဘွတ်အကောင့် ပြဿနာတက်နေတယ်ဆိုရင် မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။ အဲဒါဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဖြစ်နေတာပါ။

အင်စတာဂရမ်၊ What’s App နဲ့ ဖေ့ဘွတ်တွေဟာ ဇူလိုင် ၃ ရက် ညနေပိုင်းကစပြီး ပုံ မမြင်ရတာ၊ သုံးစွဲရ ခက်ခဲတာတွေ ရှိတယ်လို့ တစ်ကမ႓ာလုံးက အသုံးပြုသူတွေက သတင်းပေးပို့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ည ၉ နာရီနောက်ပိုင်းမှ စတင်ကာ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပုံတင်မရတာတွေ၊ ဗီဒီယိုတွေ တင်မရတဲ့ အခက်အခဲ ဖြစ်ပေါ်ခဲ့တယ် ။

အခြားနိုင်ငံတွေမှာလည်း ည ၁၀ နာရီလောက်က စတင်ပြီး ဖေ့ဘွတ်မှာ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကျန် Apps ၂ ခုမှာလည်း အချိန်တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လို့ သိရပါတယ်။

ကနဥိီးသတင်းတွေအရ အမေရိကန်၊ ဥရောပ၊ တောင် အမေရိက၊ ဂျပန်နဲ့ စင်္ကာပူတို့မှာလည်း ဖေ့စ်ဘွတ်ပြဿနာတက်နေတယ်လို့ ဆိုပါတယ်။

စင်ကာပူ စထရိတ်တိုင်းမ် ဖော်ပြချက်အရ ပြတ်တောက်မှုဟာ မြောက်အမေရိကနဲ့ အရှေ့တောင်အာရှတို့မှာ သက်ရောက်မှုတွေရှိတယ်လို့ ပြောထားပြီး စင်ကာပူနဲ့ ကပ်ရက် မလေးရှားမှာလည်း အဲဒီလို ဖြစ်တယ်လို့ သိရပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာ ဖေ့ဘွတ်နဲ့ အင်စတာဂရမ်၊ WhatsApp သုံးစွဲမရတာကို တွစ်တာမှာ မျှဝေခဲ့ကြပါတယ်။

ဖေ့ဘွတ်မှာ ဗီဒီယို၊ စတေးတပ်စ်၊ လော့ဂ်အင် ဖီချာတွေမှာပါ အနှောင့်အယှက်ရှိနေတာပါ။ WhatsApp မှာဆိုရင်တော့ ဓာတ်ပုံ၊ ဗီဒီယိုတွေ၊ အသံမက်ဆေ့ချ်တွေ ပိို့မရတာ ဖြစ်လို့နေပါတယ်။ အင်စတာဂရမ်မှာဆိုရင် ဓာတ်ပုံတင်လို့ မရတာ ဖြစ်နေပါတယ်။

တွစ်တာအသုံးပြုသူတစ်ဦးက ဖေ့ဘွတ် Log in ပေ့ချ် Access ဝင်မရတာကို Screen Shot ရိုက်ပြီး တွစ်တာမှာ တင်ထားခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ဟာ အင်စတာဂရမ်၊ Whats App အသုံးပြုမှု System တွေ ဆက်နွှယ်အသုံးပြုနေတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဆာဗာပြဿနာလို့ အပြစ်တင်ထားပါတယ်။ အခုတော့ ပြဿနာကို ဖြေရှင်းပြီးပြီဖြစ်လို့ စနစ်တစ်ခုလုံး ပြန်လည်ပတ်နေပါပြီလို့လည်း ပါရှိပါတယ်။

ဖေ့စ်ဘွတ်ဟာ ဒီလိုအဖြစ်မျိုး၂၀၁၂ ခုနှစ်ကလည်း ဖြစ်ခဲ့ဖူးပြီး သုံးစွဲသူ ၇ သန်းခွဲလောက် အခက်ကြုံခဲ့ရပါတယ်။

Ref:The Straits Times

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags