နေကြတ်ခြင်းကို တောင်အမေရိကမှာ မြင်တွေ့ခဲ့ရ

နေကြတ်ခြင်းကို တောင်အမေရိကမှာ မြင်တွေ့ခဲ့ရ

ဇူလိုင် ၃ ။           ။ ဇူလိုင် ၂ ရက်မှာ ဖြစ်ပေါ်တဲ့ နေကြတ်မှု ဖြစ်စဉ်ကိုတော့ တောင်အမေရိက နိုင်ငံတစ်ချို့မှာ ရှိကြသူတွေ စောင့်ကြည့်ခဲ့ကြပါတယ်။

ကြုံတောင့်ကြုံခဲ ဒီ ဖြစ်စဉ်ကို မြင်ရဖို့အတွက် ချီလီနိုင်ငံမှာ လူပေါင်းထောင်နဲ့ချီ စောင့်ကြည့်ခဲ့ကြပါတယ်။

နေကြတ်ခြင်း ဖြစ်ပေါ်လို့ အမှောင်ကျသွားခဲ့ချိန် ချီလီရဲ့ Coquimbo ဒေသမှာ စောင့်ကြည့်နေကြသူထောင်ပေါင်းများစွာတို့ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ခဲ့ကြပါတယ်။

ချီလီနိုင်ငံရဲ့ ကျန်ဒေသတွေအပြင်၊ ပီရူး၊ အီကွေဒေါ၊ ပါရာဂွေး၊ ဘိုလီးဗီးယား၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ ပနားမားတို့မှာလည်း တစ်ပိုင်းတစ်စ နေကြတ်ခြင်းကို စောင့်ကြည့်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required