နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဦးမှာ မဟုတ်ဘဲ ဆက်ကစားပေးသွားမယ်လို့ မက်ဆီ ပြော

နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူဦးမှာ မဟုတ်ဘဲ ဆက်ကစားပေးသွားမယ်လို့ မက်ဆီ ပြော
Photo: AFP

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် မက်ဆီက  နိုင်ငံလက်ရွေးစင်အသင်းကနေ အနေားယူဦးမှာ မဟုတ်ပဲ ဆက်ပြီးကစားပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဘာစီလိုနာကြယ်ပွင့်ဟာ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း ကျရှုံးပြီးနောက် လက်ရွေးအစင်းကနေ အနားယူခဲ့သေးပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရောက်မှသာ ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၉ ကိုပါအမေရိက ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်ကို (၂-၀) နဲ့ ရှုံးနိမ့်ပြီးနောက် မက်ဆီဟာလည်း လက်ရွေးစင်အဆင့်မှာ အဓိကဆုဖလားတစ်လုံးရယူဖို့ဆိုတဲ့ မျှော်လင့်ချက်လည်း အရာမထင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုသွားပါတယ်။

"ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျနော် အသင်းကို ကူညီနိုင်သေးမယ်ဆိုရင် ကျနော် ဒါကို ဆက်ပြီး လုပ်ဆောင်သွားပါလိမ့်မယ်။ အာဂျင်တီးနားဟာ သိပ်ကောင်းတဲ့ ကစားသမားတွေနဲပ ဖွဲ့စည်းထားတယ်လို့ ကျနော် ခံစားရပါတယ်။"လို့ ဘလွန်ဒီအော် (၅)ဆုရှင် မက်ဆီက ပြောပါတယ်။

"သူတို့ဟာ ဘောလုံးကျွမ်းကျင်မှု ပါရမီပြည့်ဝတဲ့ မျိုးဆက်ဖြစ်ပြီး နိုင်ငံလက်ရွေးအသင်းကို ချစ်ကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အရာပါ။"

"သူတို့မှာ အနာဂတ်တစ်ခုရှိတယ်။ ပြီးတော့ ကြီးမားတဲ့ အခြေခံအုတ်မြစ်တွေရှိတယ်။ သူတို့ကို အချိန်ပေးဖို့ပဲ လိုအပ်တာပါ။"လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ လာမယ့်နှစ် အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ ပူးတွဲကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲအပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ပါဝင်ကစားနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

ဘရားဇီးနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မက်ဆီနဲ့ အဂူရိုတို့ရဲ့ကန်ချက်တွေလည်း တိုင်ထိထွက်ခဲ့တာတွေကြောင့် အာဂျင်တီးနားဟာ ချေပဂိုးတောင်ပြန်မရဘဲ အရှုံးပေးခဲ့ရတာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly