မြောက်ကိုရီးယား ပါတီ နှစ် ရ၀ ပြည့် အကြီးကျယ်ဆုံး ကျင်းပ

မြောက်ကိုရီးယား ပါတီ နှစ် ရ၀ ပြည့် အကြီးကျယ်ဆုံး ကျင်းပ

မြောက်ကိုရီးယားနိုင်ငံက အာဏာရအလုပ်သမားပါတီ နှစ် ၇၀ ပြည့် အခမ်းအနားကို နိုင်ငံအတွင်း အကြီးကျယ်ဆုံး အခမ်းအနားကြီးတစ်ရပ်အဖြစ် ကျင်းပရန် တာဆူနေသည်။

ပါတီနှစ် ၇၀ ပြည်အခမ်းအနားတွင် သံချပ်ကာယာဉ်တန်းများ၊ ဖျက်အားပြင်းဒုံးလက်နက်များကို ချီတက်တပ်ဖွဲ့နှင့်အတူ ပြုံယမ်းမြို့တွင် အင်အားပြ ကျင်းပသွားဖွယ်ရှိသည်။

မြောက်ကိုရီးယား၏ အကြွင်းမဲ့ခေါင်းဆောင် ကင်ဂျုံးအွန်က အခမ်းအနားကို ကြီးမှူးကာ သဘာပတိအဖြစ် ကျင်းပမည်ဖြစ်သော်လည်း ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ပေ။

ယင်းအခမ်းအနားကို မြောက်ကိုရီးယား၏ စစ်လက်နက်အင်အားသစ်များကို အနီးကပ်မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း အကဲဖြတ်များက ပြောသည်။

ယခုနှစ်အစောပိုင်းက ပါတီနှစ် ၇၀ ပြည့်အခမ်းအနား ကျင်းပမည်ကြေညာခဲ့စဉ်က ခေတ်သစ်စစ်ပွဲများတွင် သုံးနိုင်မည့် စစ်လက်နက်များရေးရာနှင့် ပတ်သက်ပြီး အစိုးရက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၀ ရက် (ယနေ့) တွင် စတင်ကျင်းပမည့် အခမ်းအနားနှင့် ပတ်သက်ကာ တာဝန်ရှိသူများက အသေးစိတ်ပြောကြားခြင်း မရှိသော်လည်း မြို့အနှံ့မှ ပြည်သူများကို ပြည်သူရင်ပြင်များတွင် အခမ်းအနားအတွက် ပါဝင်ပြင်ဆင်လျက်ရှိနေကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required