၂၀၂၄ ပါရီအိုလံပစ်မှာ မိုးပျံတက္ကစီတွေ ပြေးဆွဲဖို့ Airbus စီစဉ်နေ

၂၀၂၄ ပါရီအိုလံပစ်မှာ မိုးပျံတက္ကစီတွေ ပြေးဆွဲဖို့ Airbus စီစဉ်နေ

ပါရီ၊ ဇူလိုင် ၂ ။         ။ မြို့ကြီးပြကြီးရဲ့ အပေါ်မှာ ခရီးသည်တွေကို တင်ဆောင်ပြီး ဝဲပျံပြေးဆွဲနေတဲ့ မိုးပျံတက္ကစီတွေကို မြင်တွေ့ရဖို့က အနာဂတ် စိတ်ကူးအိပ်မက်တွေထဲက တစ်ခုပါပဲ။

ဒါပေမယ့် ဒီ အနာဂတ်အိပ်မက်ဟာ လက်တွေ့ဖြစ်လာဖို့ မဝေးတော့ပါဘူး။ ၂၀၂၄ ခုနှစ်မှာတောင် မြင်တွေ့ရဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ နယ်သာလန်က လေကြောင်းနည်းပညာ Airbus ကုမ္ပဏီကြီးဟာ ပါရီအိုလံပစ်ပွဲမှာ မိုးပျံတက္ကစီတွေ ပြေးဆွဲနိုင်ဖို့ စီစဉ်စိုင်းပြင်းနေတာကြောင့်ပါပဲ။

လက်ရှိမှာ ချားလီဒီဂေါကနေ ပါရီမြို့တွင်းကို သွားမယ်ဆိုရင် တစ်နာရီလောက် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဒီ ခရီးသွားအချိန်ကို မောင်းသူမဲ့ မိုးပျံတက္ကစီတွေ ပိုပြီးတိုတောင်းတဲ့ အချိန်နဲ့ သွားလာနိုင်ဖို့ Airbus ဟာ မြို့အာဏာပိုင်တွေနဲ့ပါ ဆက်သွယ်ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ တစ်ယောက်စီး ပျံတက်ယာဉ်နဲ့ ဆင်းသက်ယာဉ် ရှေ့ပြေးပုံစံတွေကို ထုတ်ဖော်ပြသထားသလို ခရီးသည်ပိုဆံ့တဲ့ CityAirbus ယာဉ်ကိုလည်း ပြသပြီးဖြစ်ပါတယ်။

ပြင်သစ်ရဲ့ ပါရီမြို့တော်မှာ ပျံသန်းတက္ကစီတွေ ပြေးဆွဲမယ့် စီမံကိန်းဖြစ်နိုင်ခြေကို ကွင်းဆင်းလေ့လာရေးအတွက်လည်း ပါရီအများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့လည်း စာချုပ်ချုပ်ထားပြီး ဖြစ်ပါတယ်။

ဒီ စီမံကိန်းဟာ အလှမ်းကျယ်တဲ့ ခေတ်ရှေ့ပြေးစီမံကိန်းဖြစ်ပေမယ့် Airbus ရဲ့ မြို့ပြဝေဟင်သွားလာရေးဌာန ညွှန်ကြားရေးမှူး ဒိုမီဂက်စ်ပူဝါတာကတော့ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ မိုးပျံတက္ကစီဟာ အလားအလာကောင်းပြီး စည်းကြပ်သူတွေရဲ့ ခွင့်ပြုပေးတာကို စောင့်လျက်ရှိနေကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly