လေထုညစ်ညမ်းမှု ဖြေရှင်းရေးအတွက် သက်တမ်း ၁၃ နှစ်နှင့်အထက် ဒီဇယ်ကားတွေကို ပါရီမြို့တွင်း ဝင်ခွင့် ပိတ်

လေထုညစ်ညမ်းမှု ဖြေရှင်းရေးအတွက် သက်တမ်း ၁၃ နှစ်နှင့်အထက် ဒီဇယ်ကားတွေကို ပါရီမြို့တွင်း ဝင်ခွင့် ပိတ်

ပါရီ၊ ဇူလိုင် ၂ ။          ။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ဟာ လေထုညစ်ညမ်းမှု ဖြေရှင်းရေးအတွက် သက်တမ်း ၁၃ နှစ်နှင့်အထက် ဒီဇယ်ကားအားလုံးကို မြို့တွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားမြစ်ပြီ ဖြစ်ပါတယ်။

ပါရီမြို့ဟာ သက်တမ်း ၁၈ နှစ် ဒီဇယ်ကားတွေနဲ့ သက်တမ်း ၂၁ နှစ်ရှိ ဓာတ်ဆီကားတွေကို မြို့တွင်း ဝင်ရောက်ခွင့် ယခင်ကတည်းက ပိတ်ထားပြီး အခု ထပ်မံတိုးချဲ့ကာ ပိတ်ပင်လာခြင်းပဲ ဖြစ်ပါတယ်။

မြို့လေထု သန့်စင်ရေးအတွက် မြို့တွင်းကို သက်တမ်း ၁၃ နှစ်နဲ့ အထက် ဒီဇယ်ကားတွေ၊ ထရပ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ဝင်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။

ယာဉ်ကြေညာ ပိတ်ဆို့မှုကြောင့်လည်း တားမြစ်ထားပြီး ဖြစ်တဲ့ မော်တော်ဆိုင်ကယ်တွေ မြို့တွင်း ဝင်ရောက်ရင် ယူရိုငွေ ၆၈ ယူရို ဒဏ်ရိုက်တော့မှာဖြစ်သလို ထရပ်ကားတွေနဲ့ ဘတ်စ်ကားတွေ ဝင်ရောက်ရင် ယူရို ၁၃၅ ယူရို ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ပါရီမြို့ရဲ့ လေထုအတွင်း အမှုန်အမွှား ပါဝင်မှုဟာ အဆိုးဆုံး ဥရောပ မြို့တော် ဖြစ်ခဲ့ကြောင်း Greenpeace အဖွဲ့က စာရင်းထုတ်ပြန်ထားပြီး ပါရီမြို့ရဲ့ လေထုအတွင်း အမှုန်အမွှား ပါဝင်မှုဟာ ဖိလစ်ပိုင် မနီလာမြို့တော်နဲ့ ကိုလံဘီယာ ဘိုဂိုတာမြို့တော်တွေထက်ပင် ပိုမိုဆိုးဝါးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required