အီရန်က မီးနဲ့ ကစားနေဟု ထရမ့် ပြော

အီရန်က မီးနဲ့ ကစားနေဟု ထရမ့် ပြော

၀ါရှင်တန်၊ ဇူလိုင် ၂ ။          ။ အီရန်နိုင်ငံဟာ သိသိလျက်နဲ့ မီးနဲ့ ကစားနေကြောင်း သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ဇူလိုင် ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အီရန်ကို ဘာပြောချင်သလဲဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ အမေးကို ထရမ့်က အီရန်ဟာ မီးနဲ့ ကစားနေတာပဲ ဖြစ်လို့ ဘာမှ ပြောစရာ မလိုကြောင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“အီရန်ဆီ ဘာသတင်းစကားမှ ပါးစရာ မရှိဘူး။ သူတို့ဟာ သူတို့ ဘာလုပ်နေတယ်ဆိုတာ သိတယ်။ သိသိနဲ့ လုပ်နေတာပဲ။ ကျွန်တော်တော့ အီရန်ဟာ မီးနဲ့ ကစားနေပြီလို့ ပြောချင်တယ်။”လို့ ထရမ့်က ဆိုပါတယ်။

ဒါအပြင် အိမ်ဖြူတော်ကလည်း အီရန်အပေါ် ပြင်းထန်တဲ့ ဖိအားတွေ ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောပြီး အီရန်ကို ဘယ်တော့မှ နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးလို့လည်း ထပ်လောင်း ဆိုပါတယ်။

အီရန်နိုင်ငံဟာ အင်အားကြီး ခြောက်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက်က ကန့်သတ်ချက်ဖြစ်တဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယသတ္ထု ကန့်သတ်စုဆောင်းခွင့် ပမာဏကို မလိုက်နာတော့ကြောင်း ကြေညာပြီးနောက်မှာ အမေရိကန်ဖက်က ခုလို တုံ့ပြန်လာတာပဲ ဖြစ်ပါတယ်။

“အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ အီရန်ကို နျူကလီးယားလက်နက် ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ပေးမှာ မဟုတ်ဘဲ အီရန်အစိိုးရကို ပြင်းထန််တဲ့ ဖိအားတွေ ဆက်ပြီး ပေးသွားမှာဖြစ်တယ်။”လို့ အိမ်ဖြူတော် ပြောခွင့်ရှိသူ စတီဖင်းဂရစ်ဟမ်က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly