လာမထုတ်သည့် ထီဆုမဲများထဲမှ ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများ စတင်ချီးမြှင့်

လာမထုတ်သည့် ထီဆုမဲများထဲမှ ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများ စတင်ချီးမြှင့်

ဇူလိုင် ၁ရက်၊ ရန်ကုန် ။               ။ ယနေ့ပြုလုပ်သော ၅ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် လာရောက် မထုတ်ယူသည့် ထီဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများကို စတင် ထည့်သွင်းချီးမြှင့်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သန့်လွင်က  မဇ္စျိမကို ပြောသည်။

၅ ကြိမ်မြောက်ထီဖွင့်ပွဲမှစတင်ကာ ဘဏ္ဍာသိမ်းရငွေထဲမှ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လာမည့် ထီဖွင့်ပွဲများ တွင်လည်း လစဉ်တိုင်း ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများကို ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဘဏ္ဍာသိမ်းတွေရှိနေတာဖြစ်တဲ့အတွက် ဘဏ္ဍာသိမ်းသည် တစ်လနဲ့ တစ်လတော့ အရေ အတွက်ချင်း မတူတာဖြစ်တယ်။ အရေအတွက်မတူပါဘူး။ တန်ဖိုးအားဖြင့် မတူပါဘူး။ အဲ့ဒီအတွက် ကြောင့် ဒီဘဏ္ဍာသိမ်းရငွေတွေထဲကနေ လစဉ် ကျပ်သိန်း ၂၅ဝဝပေါ့နော်၊ သန်း ၂၅ဝ ကို လစဉ် ချီးမြှင့်သွားဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်သန့်လွင်က ပြောသည်။

လာရောက်ထုတ်ယူခြင်း မရှိခဲ့သော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေထဲမှ ၃သိန်းဆု၊ ၂ သိန်းဆုနှင့် ၁ သိန်းဆုများကို ဆုမဲအဖြစ်ထည့်သွင်းချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၅ဝ ကျပ်တန်ထီ၏ အစဉ်အလာ အတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 “ဘဏ္ဍာသိမ်းရငွေက ချီးမြှင့်တယ်ဆိုတာသည် ဒါထီလုပ်ငန်းဆောင်ရွက်တဲ့ နိုင်ငံတိုင်းမှာ ဘဏ္ဍာ သိမ်းရငွေက ပြန်လည် ချီးမြှင့်တဲ့ အစီအစဉ်မရှိပါဘူး။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ယခင် ၅ဝ ကျပ်တန်ထီမှာ အဲ့အချိန်က ရောင်းအားအနေအထားအရရော၊ ရောင်းချနိုင်မှုအနေအထားအရရော ဆုမဲတိုးမြှင့်ချီးမြှင့်ပေးဖို့ အခက်အခဲတွေရှိတဲ့အချိန်မှာ ဘဏ္ဍာသိမ်းရငွေကနေပြီးတော့ လစဉ် ကျပ်သိန်း ၁ဝဝ စီ ထည့်သွင်းချီးမြှင့်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ဒီအစဉ်အလာရှိခဲ့တဲ့အတွက် အခု ၁ဝဝဝ တန်ထီမှာလည်း ဘဏ္ဍာသိမ်းရငွေက ထည့်သွင်းချီးမြှင့်တဲ့ အစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ တန်ဖိုးသည် လစဉ်ပျမ်းမျှ အားဖြင့် ကျပ်သန်း ရဝဝ ဝန်းကျင်ရှိနေပြီး ထီထိုးသည့် ပြည်သူများအနေဖြင့် ထီသေချာတိုက်ရန်၊ သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly