အမြန်လမ်းမကြီးတွေကို သိမ်းပိုက်ထားတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲနှိမ်နင်း

အမြန်လမ်းမကြီးတွေကို သိမ်းပိုက်ထားတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲနှိမ်နင်း

ဟောင်ကောင်၊ ဇူလိုင် ၁ ။         ။ ဟောင်ကောင်မှာ အမြန်လမ်းမကြီးတွေကို ဇူလိုင် ၁ ရက် အစောပိုင်းက စပြီး သိမ်းပိုက်ထားတဲ့ ဆန္ဒပြ သူတွေကို ရဲက ငရုတ်ကောင်းဖျန်းဆေးနဲ့ ရာဘာတုတ်တွေ သုံးပြီး ဖြိုခွင်းနှိမ်နင်းပါတယ်။

တရုတ်ဆီ ဟောင်ကောင်အား ဗြိတိသျှက လက်လွှဲပေးအပ်တဲ့ နှစ်ပတ်လည်နေ့မတိုင်မီ ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြပွဲကြီး ဆင်နွှဲဖို့ ခုလို အမြန်လမ်းမကြီးတွေကို ပိတ်ဆို့သိမ်းပိုက်ထားတာပါ။

နိုင်ငံတကာ ဘဏ္ဍာရေး အချက်အချာဖြစ်တဲ့ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်လောက်က သမိုင်းတွင်လောက်တဲ့ ကြီးမားတဲ့ လူအင်အားနဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားထားတာပါ။ ဟောင်ကောင်အာဏာပိုင်တွေက တရုတ်နိုင်ငံဆီ တရားခံလက်လွှဲပေးအပ်မယ့် ဥပဒေကြမ်းကို အတည်ပြုဖို့ လုပ်ဆောင်လာတာအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေထောက်ခံရေး နိုင်ငံရေးရေချိန် မြင့်တက်နေတဲ့ အချိန်မှာ ဟောင်ကောင်ကို တရုတ်ဆီ လက်လွှဲပေးအပ်တဲ့ နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ ဆင်နွှဲဖို့ ခုလို အမြန်လမ်းမကြီးတွေကို  စီးနင်းလာတာပဲ ဖြစ်ပါတယ်။

လူငယ်အများစုဖြစ်တဲ့ မျက်နှာစည်းတွေ စည်းထားတဲ့ ဆန္ဒြုပသူတွေဟာ အဓိက လမ်းမကြီးသုံးခုကို အတားအဆီးတွေနဲ့ ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပြီးနောက်မှာ တင်းမာမှု ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

ဦးထုတ်နဲ့ ဒိုင်းအကာတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။

တရုတ်ဆီ ဟောင်ကောင် လက်လွှဲပေးအပ်တဲ့ အလံကို ဆန္ဒပြသူတွေ လွှင့်ထူလိုက်ပြီး အချိန်ပိုင်းမှာပဲ ရဲတွေဟာ ဆန္ဒပြသူတွေကို ဝင်စီးနင်းတော့တာ ဖြစ်ပါတယ်။

ဒီလို ထိပ်တိုက်တွေ့ပြီးနောက်မှာတော့ အမျိုးသမီးတစ်ဦး ဦးခေါင်းမှာ ဒဏ်ရာရပြီး သွေးတွေ ယိုစီးနေတာကို တွေ့ရသလို ရဲတွေဟာ ဆန္ဒပြသူ တော်တော်များများကို ဖမ်းဆီးသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required