စပျစ်သီးချိုချိုလေးစားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပျစ်သီးချိုချိုလေးစားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


စပျစ်သီး ချိုချိုလေးစားလိုက်ရတာက ထမင်းစားပြီးချိန်ဆိုရင် စိတ်ကျေနပ်မှုတော်တော်လေးရစေတဲ့အချက်တစ်ခုပါ။ သစ်သီးတွေထဲမှာမှ စပျစ်သီးကိုကြိုက်တတ်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။
စပျစ်သီး (Grapes)

စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်။ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်း ဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီးအစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တိုပထက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။
စပျစ်သီးမှာပါတဲ့ ဓာတ်တွေ

စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေပါဝင်ပါတယ်။

  •     ကယ်လ်လိုရီ
  •     ကာဗိုဟိုက်ဒရိတ်
  •     ပရိုတင်း
  •     အဆီ
  •     အမျှင်ဓာတ်
  •     ဗီတာမင် C
  •     ဗီတာမင် K
  •     သီရာမင်း
  •     Riboflavin
  •     ဗီတာမင် B6
  •     ပိုတက်ဆီယမ်
  •     ကော့ပါး
  •     မဂ္ဂနိ႔တို့ပါဝင်နေပါတယ်။

စပျစ်သီးကပေးတဲ့ ကျန်းမာရေးအာနိသင်

အရသာရောအရောင်အသွေးပါပြည့်စုံတဲ့ စပျစ်သီးလေးစားပေးရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူတွေရရှိစေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

စပျစ်သီးမှာ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးစားသုံးပေးမှုကြောင့် ပြန်ရည်ကြောကင်ဆာ၊အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊ အူမကြီကင်ဆား၊ အရေပြားကင်ဆာ နဲ့ သွေးကင်ဆာတို့ကို ကာကွယ်နို်င်မှာပါ။ စပျစ်သီးက ကင်ဆာကျိတ်တွေကြီးထွားမှုကိုလည်း စန့်တားပေးနိုင်စွမ်းရှိပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

စပျစ်သီးက သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုက လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွေးပေါင်ကျ စေနိုင်တယ်

ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင် ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တေ်ာလေး အထောက်အပံ့ဖြစ်စေတာပါ။

ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်

ရေဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။

ဓာတ်မတည့်မှုကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုကို လျော့ပါးစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက်ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

၂၀၁၃ ခုနှစ်က လေ့လာမှုအရ စပျစ်သီးစားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။

မျက်လုံးကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်အာိသင်ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြ်ငလွှာနဲ့ မျက်ကြည်လွှာတွေကိုပါကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တယ်
စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံသက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly