တရုတ်နဲ့ ဆွေးနွေးပွဲက အလွန်ကောင်းမွန်တယ်လို့ ထရမ့် ပြော

တရုတ်နဲ့ ဆွေးနွေးပွဲက အလွန်ကောင်းမွန်တယ်လို့ ထရမ့် ပြော

အိုဆာကာ၊ ဇွန် ၂၉ ။       ။ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင််ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြားက ကုန်သွယ်ရေး ပြဿနာ ပြေလည်မှု ရမလားဆိုပြီး ကမ္ဘာက စောင့်ကြည့်နေချိန်မှာ သမ္မတ ထရမ့်က ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစည်းဝေးခဲ့ပြီး ဆွေးနွေးပွဲက အလွန်ကောင်းမွန်တယ်လို့ ဇွန် ၂၉  ရက်က ပြောလာပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပနေတဲ့ နှစ််ရက်တာ ဂျီ ၂၀ ထိပ်သီီးအစည်းအဝေး ပြင်ပန်းမှာ ထရမ့်နဲ့ ရှီကျင့််ဖျင်တို့ ထိပ်သီးနှစ်ဦး စည်းဝေးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ရေရှည်ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်နဲ့ ပတ်သက်ပြီး ပြေလည်မှု သဘောတူညီချက် ရမလားဆိုကာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲက ဆွေးနွေးပွဲကို စောင့်ကြည့်လျက် ရှိနေကြတာ ဖြစ်ပါတယ်။

တရုတ်နဲ့ သမိုင်းဝင် သဘောတူညီချက်ရရေး အမေရိကန်က လမ်းဖွင့်ထားကြောင်း ထရမ့်က ပြောပါတယ်။ “မျှတတဲ့ ကုန်သွယ်ရေး သဘောတူညီချက် ဖော်ဆောင်နိုိင်တယ်ဆိုရင် ဒါဟာ တကယ့် သမိုင်းဝင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို သဘောတူညီမှု ရရှိအောင် တံခါးဖွင့်ထားပါတယ်။”လို့ ထရမ့်က ပြောပါတယ်။

အမေရိိကန်ဟာ တရုတ်ကုန်စည်တွေအပေါ် သွင်းကုန်စည်းကြပ်ခွန် ချမှတ်လာတာကို တရုတ်ကလည်း လက်တုံ့ပြန် အခွန်တိုးမြှင့်ရင်း ကမ္ဘာ့စျေးကွက်ကို ယိမ်းခါစေတဲ့ ကုန်သွယ်ရေးစစ် ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

ဒီလို ကုန်သွယ်ရေးစစ်အတွက် ပြေလည်ရေး မဆွေးနွေးနိုင်သေးခင်မှာပဲ တရုတ်ရဲ့ ဟွာဝေးကုမ္ပဏီကြီးကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းလိုက်တာကြောင့် နှစ််နိုင််ငံကြား ကုန်သွယ်ရေးတင်းမာမှု ပိုပြီး အရှိန်ပြင်းလာခဲ့ပါတယ်။

ဒီလိုအချိန်မှာ ဂျပန်က ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required