စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ ကင်ဂျုံးအွန်ကို ထရမ့် ကမ်းလှမ်း

စစ်မဲ့ဇုန်မှာ တွေ့ဆုံမယ်လို့ ကင်ဂျုံးအွန်ကို ထရမ့် ကမ်းလှမ်း

အိုဆာကာ၊ ဇွန် ၂၉ ။           ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက စစ်မဲ့ဇုန်မှာ သမိုင်းဝင် ဆွေးနွေးဖို့အတွက် ထပ်မံတွေ့ဆုံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ကို ဇွန် ၂၉ ရက်မှာကမ်းလှမ်းလိုက်ပါတယ်။

အဲဒီလို ကမ်းလှမ်းတာကို ထရမ့်က တွစ််တာမှှာ ရေးသားလိုက်တာဖြစ်ပြီး စောင့်ကြည့်လေ့လာသူတွေအတွက် အံ့အားသင့်သွားစေခဲ့ပါတယ်။

တကယ်လို့ ကင်ဂျုံးအွန်ဖက်က လက်ခံတယ်ဆိုရင် အရင်က ရန်ဖက််တွေ ဖြစ်ခဲ့တဲ့ သူတို့ ခေါင်းဆောင်နှစ်ဦီးကြားမှာ နျူကလီးယား ဖျက်သိမ်းရေးအတွက် တတိယမြောက် တွေ့ဆုံမှု ဖြစ်မှှှာပါ။

“တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတာအပါအဝင် အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးခဲ့ရင် ကျွန်တော် တောင်ကိုရီးယားဆီီ သွားရောက်ဖို့ ဂျပန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။”လို့ ထရမ့်က တွစ်တာမှှာ ရေးသားပါတယ်။

ထရမ့်အနေနဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို ဂျပန်မှာ လာရောက်တက်ရောက်နေတာဖြစ်ပြီး အဲဒီ အစည်းအဝေး ပြင်ပန်းမှာ သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ််။

“တောင်ကိုရီးယား ရောက်တဲ့အခါမှာ ကင်ဂျုံးအွန်ဖက်က စိတ်ရှိတယ်ဆိုရင်တော့ နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်မှှာ တွေ့ဆုံလက်ဆွဲနှုတ်ဆက်လိုပါတယ်။”လို့ ထရမ့်က ရေးသားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required