ဘာစီလိုနာအသင်းထံ အနှေးနဲ့အမြန်ဆိုသလို ပြန်သွားမယ်လို့ ဝန်ခံပြောဆိုသွားတဲ့ ဂွာဒီယိုလာ

29 June 2019
ဘာစီလိုနာအသင်းထံ အနှေးနဲ့အမြန်ဆိုသလို ပြန်သွားမယ်လို့ ဝန်ခံပြောဆိုသွားတဲ့ ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာက မန်ချက်စတာစီးတီးနဲ့ သူ့ရဲ့ စာချုပ်က လက်ကျန် (၂)နှစ်သာ ရှိတော့တာကြောင့် သူ့အနေနဲ့ တစ်နေ့မှာ ဘာစီလိုနာထံ ပြန်သွားလိမ့်မယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝကို နူးကမ့်မှာ စတင်ခဲ့ပြီး ဘာစီလိုနာအသင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ (၄)နှစ်ကြာ ကိုင်တယ်ခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့ပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးကို ပြောင်းလဲကိုင်တွယ်ခဲ့တာဖြစ်ပြီး လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58356

တင်ဆက် - ဆက်ဝေယံနိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly