ဒေါ်အောင်ဆန်းစုကြည်ရှေ့တွင် မကွေးဝန်ကြီးချုပ် တောင်သူလယ်သမားများကို အကြွေးတောင်း

28 June 2019
ဒေါ်အောင်ဆန်းစုကြည်ရှေ့တွင် မကွေးဝန်ကြီးချုပ် တောင်သူလယ်သမားများကို အကြွေးတောင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ဇွန်လ၂၇ ရက် နံနက် (၁၀) နာရီက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒေသခံတောင်သူလယ်သမားများထံက ရရှိရန်ရှိသည့် ရေခွန်အကြွေးများ တောင်းခံခဲ့သည်။

“အစ်မရှိတုန်း ပြောအုံးမယ် မကွေးတိုင်းမှာ စိုက်ဧကအများဆုံးက မင်းဘူးခရိုင်ဖြစ်တယ်၊ မကွေးတိုင်း(၁၄)မြို့နယ်မှာ ရေခွန်မပေးတဲ့အကြွေး ကျပ်သန်းပေါင်း(၆၅၀၀)ရှိတယ်။ မပေးတဲ့အထဲမှာ စိုက်ဧကအများဆုံးက မင်းဘူးခရိုင်လည်းပါတယ်၊ အဲ့ဒီတော့ ရေခွန်လေးတွေလည်း ပေးကြအုံးလေ ရေခွန်လေးပေးမှ လမ်းလေးတွေ ဆောက်နိင်မယ် ဆေးခန်းတောင်းတယ် ရေတွင်းတောင်းတယ် မီးသတ်ကားလိုချင်တယ် ကျန်းမာရေးဌာနတောင်းတယ် အဲ့ဒါတွေ လုပ်ပေးဖို့ဆိုတာ အခွန်အထုပ်နဲ့မှ လုပ်ပေးနိင်မှာ၊ ရေခွန်လေးတွေလည်း ပေးကြပါအုံး မကွေးတိုင်းက ရေခွန် ကျပ်သန်းပေါင်း(၆၅၀၀)၊ မန္တလေးတိုင်းက ကျပ်သန်းပေါင်း (၉၀၀၀)ကျော်တယ်”ဟု  မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ရိုက်ကူး / တည်းဖြတ် - တင်ရွှေ(မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly