တက္ကသိုလ် ၁၆ ခုမှ ကျောင်းသားများအတွက် မိုဘိုင်းဂိမ်း ပြိုင်ပွဲ ကျင်းပမည်

တက္ကသိုလ် ၁၆ ခုမှ ကျောင်းသားများအတွက် မိုဘိုင်းဂိမ်း ပြိုင်ပွဲ ကျင်းပမည်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဇွန်လ ၂၇ ။           ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ် ၁၆ခုမှ ကျောင်းသား၊ကျောင်းသူများ အတွက် မိုဘိုင်း ဂိမ်း (Mobile Esports) ပြိုင်ပွဲ ပြုလုပ်ရန် သက်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂ တာဝန် ရှိသူများနှင့် ပြိုင်ပွဲပြုလုပ်သည့် Game Cast Network Myanmar တို့ နားလည်မှု လက်မှတ်ရေးထိုး ခဲ့ကြသည်။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ပြိုင်ပွဲ ကျင်းပရေးအတွက်  ဇွန်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက  ရန်ကုန်မြို့ရှိ Melia Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"တက္ကသိုလ်တွေမှာအားကစားတွေ သတ်မှတ်ပေးထားတာရှိပါတယ်။ ဘောလုံးဆိုဘောလုံး၊စစ်တုရင်ဆိုလည်းစစ်တုရင်၊ ခြင်းလုံးဆိုလည်းခြင်းလုံးအဲလိုအားကစားတွေထဲမှာဒါက ElectronicSportsပါ။Esportsကို ပဲအားကစားတစ်ခုအနေနဲ့ ကျောင်းတွေက အသိအမှတ်ပြုလာစေချင် တယ်။ ကျောင်းတွေမှာလည်း သက်ဆိုင်တဲ့ ဒီရွက်ပုန်းသီး ကစားသမားတွေ၊ တက္ကသိုလ်တွေကနေ အရည် အချင်း ရှိတဲ့လူငယ် ကစားသမားတွေ ပိုပြီးတော့ ပေါ်ထွက်လာစေချင်တယ်။နောက်တစ်ခုက ဒီ Mobile Esports နဲ့ ပတ်သက်ပြီးတော့ အများကြီးကျယ်ပြန့်တိုးတက်လာတာကြောင့် ကျွန်တော်တို့ရဲ့ တက္ကသိုလ်က လူငယ်တွေကသူတို့ရဲ့အခွင့်အလမ်းတွေကို ရှာဖွေသွားနိုင်မလားဆိုပြီး အဲလို ရည်ရွယ်ချက်လေးနဲ့ပါ  " ဟု UMEC Yangon 2019  ပြိုင်ပွဲပြုလုပ်သည့် Game Cast Network Myanmar မှCo-Founder ဦးစိုးမိုးအေး က ပြောသည်။

အဆိုပါပြိုင်ပွဲကိုYangonUniversity၊East YangonUniversity၊WestYangonUniversity၊Dagon University၊UniversityOfMedicine၊UniversityofMedicine2၊UniversityofDental MedicineYangon၊ Myanmar Maritime University ၊ Yangon Technological University ၊ Thanlyin Technological University ၊West Yangon Technological University ၊ Hmawbi Technological University ၊ University of Information Technology ၊ University of Computer Studies Yangon ၊ Yangon University OF  Foreign Languages နှင့် Yangon University Of Economics တို့မှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

"ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ ကဒီကCoFounderဖြစ်တဲ့ကိုစိုးမိုးကတဆင့်ကျွန်တော်တို့ကျောင်းကိုလာကမ်းလှမ်းတယ်။ ကျွန်တော်တို့ကျောင်းမှာလည်းအရင်တုန်းထဲကESportsကိုအားကစားတစ်ခု အနေနဲ့လူငယ်တွေ ဘက်က ကျောင်းသားသမဂ္ဂ ဘက်ကနေပြီးတော့ ကူညီပေးချင်ပါတယ်။ ကျောင်းမှလည်း Club ကိုဖွင့်ထားပါတယ်။ E-Sports Club က ကျောင်းမှာ ဗုဒ္ဓဟူး နေ့တိုင်း E-Sports Club က လှုပ်ရားမှုတွေ ရှိပါတယ်။ဆိုတော့ သူတို့လည်း လာပြီးဖိတ်ခေါ်တာနဲ့ ကျွန်တော်တို့ ကျောင်း က ကျောင်းသား၊ကျောင်းသူတွေ ပါဝင်ဖြစ်သွားအောင် ဒီပွဲမှာ ပါဝင်ဖြစ်တာပါ။ ကျောင်းသား သမဂ္ဂအနေနဲ့က E-Sports ကိုအားကစားအဖြစ်နိုင်ငံတော်က အပြည့်အဝ ထောက်ပံ့ပေးတာကို လိုချင်ပါတယ် " ဟု ရန်ကုန်ကွန်ပျူတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုရန်နောင်ထွဋ် ကပြောသည်။

အဆိုပါ ပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ကြောင်း ကျောင်း ၁၆ ကျောင်းမှ  သက်ဆိုင်ရာ ကိုယ်စားပြု အသင်းများအနေဖြင့် သြဂုတ်လ  ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center တွင် နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမည်ဟု သိရသည်။

Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ပြိုင်ပွဲ တွင် မိုဘိုင်း ဂိမ်းအမျိုးအစားဖြစ်သည့် Mobile Legends : Bang Bang ၊ Player Unknown Battle Ground Mobile ပြိုင်ပွဲ နှစ်ခုကို အဓိယှဉ်ပြိုင်ရမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly