ငပုတောတွင် တည်ဆောက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းကြောင့် ထိခိုက်မှု အများကြီး မရှိနိုင်ဟုဆို

27 June 2019
ငပုတောတွင် တည်ဆောက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းကြောင့် ထိခိုက်မှု အများကြီး မရှိနိုင်ဟုဆို

ငပုတောမြို႔နယ်၊နံသာပုကျေးရွာအုပ်စုတွင်တည်ဆောက်မည် ကမ်းလွန်ထောက်ပံ့ရေးစခန်း ကြောင့် ထိခိုက်မှုအများကြီးမရှိနိုင်ကြောင်း MPRL E&P Group of Companies ကုမ္ပဏီမှ Executive Director ဦးတင့်ဆွေကပြောသည်။

“ကမ်းလွန်ရေနံတူးနေတယ်။ တွင်းတွေကို အထောက်အကူပေးဖို ့ဆောက်တဲ့စခန်းဆိုတော့ ပေ၃ဝဝလောက်ရှိတယ်။ သင်္ဘောတွေလာမှာ ကျွန်တော်ထင်တယ် တစ်ပတ်တောင် နှစ်စီးလာဖို ့ မလွယ်ဘူး။ ဒီဟာ ဘယ်လောက်ထိခိုက်နိုင်လည်းဆို အများကြီးတော့ထိခိုက်နိုင်စရာမရှိဘူး။သို ့ သော် ကျွန်တော်တို ့ဒီလိုပြောနေတော့ ယုံကြည်မှုရှိဦးမှာမဟုတ်ဘူး။ လုုပ်ငန်းစလာရင် မြင်လာ မှာပါ။ ရေနက်ဆိပ်ကမ်းလည်းမဟုတ်ဘူး။ အမြဲတမ်းသင်္ဘောတွေ ဝင်ထွက်နေမှာလည်း မဟုတ်ဘူး။ သူတို ့ စိုးရိမ်ပူပန်မှုတွေလည်း ရှင်းပြသွားမှာပါ”ဟု MPRL E&P Group of Companies ကExecutive Directorဦးတင့်ဆွေကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊နံသာပုကျေးရွာတွင် Myint&Associates Offshore Supply Base Ltd မှ ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်ခွင့်ရရှိထားပြီး တည်ဆောက် ရေးကို ၂၀၁၉ခုနှစ် အကုန်တွင် လုပ်ဆောင်ရန်မျှော်မှန်းထားကာ ရင်းနှီးမြှုပ်နှံမှု ပမဏာမှာ ဒေါ်လာ ၅၅သန်း ရှိကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly