မလေးရှား လေဆိပ်မှာ လိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းမိ

မလေးရှား လေဆိပ်မှာ လိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းမိ

ဇွန် ၂၆ ။          ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ အိန္ဒိယနိုင်ငံသား အမျိုးသားလေးဦးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ လိပ်ကောင်ရေ ၅,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးကနေ မလေးရှားဆီ လေကြောင်းနဲ့ ရောက်လာတဲ့ အိန္ဒိယ နိုင်ငံံသား လေးဦးရဲ့ အိတ်တွေထဲမှာ အိတ်ငယ်လေးတွေနဲ့ ခွဲထုတ်ထားတဲ့ ရေချိုလိပ် သားပေါက် ၅,၂၅၅ ကောင်ကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၎င်းအမျိုးသားတွေဟာ ဒီလိပ်တွေ သယ်ဆောင်ဖို့ ခွင့်ပြုချက် မပါရှိခဲ့သလို ယင်းလိပ်တွေကို အိန္ဒိယမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ပြန်ရောင်းဖို့ ယူလာတာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

ယခုအခါမှာတော့ လိပ်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ ၎င်းအမျိုးသားလေးဦးကို မလေးရှားရဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ယခု ဖမ်းဆီးရမိတဲ့ လိပ်တွေရဲ့ တန်ဖိုးကတော့ ကန်ဒေါ်လာ ၁၂,၇၀၀ ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

၎င်းအမျိုးသားတွေဟာ တရားစွဲခံရနိုင်ပြီး ပြစ်မှု ထင်ရှားပါက အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required