ကမ္ဘောဒီးယားတွင် အလေးချိန် ၂ တန်ကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ကမ္ဘောဒီးယားတွင် အလေးချိန် ၂ တန်ကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ဇွန် ၂၆ ။           ။ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၂ တန်ကျော်ကို ကမ္ဘောဒီးယား အာဏာပိုင်တို့ ဇွန်လ ၂၆ ရက်မှာ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

ယင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာတော့ ဘိန်းဖြူ၊ မက်သာဖက်တမင်း စတဲ့ မူးယစ်ဆေးဝါးတွေ ပါနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တို့ကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မူးယစ်နှိမ်နင်းမှုတွေကို ပိုမို အားစိုက်လုပ်ဆောင်လာနေလျက် ရှိပါတယ်။

မူးယစ်မှောင်ခိုသမားတွေက ယင်းနိုင်ငံကို တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးရာမှာ အဓိက ဖြတ်သန်းရာနေရာအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို ကမ္ဘောဒီးယား အာဏာပိုင်တို့ဘက်က နှိမ်နင်းမှုတွေ ပိုမို အားစိုက်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required