ကမ္ဘောဒီးယားက သင်္ချိုင်းကုန်း ရပ်ကွက်

ကမ္ဘောဒီးယားက သင်္ချိုင်းကုန်း ရပ်ကွက်

ဇွန် ၂၆ ။             ။ သင်္ချိုင်း၊ သုသာန် တို့ ဆိုတာကတော့ ပုံမှန်အားဖြင့် လူသေတွေ ထာဝရ လဲလျောင်းအိပ်စက်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဖနွမ်းပင်မြို့က သုသာန်တစ်ခုကတော့ ထူးထူးခြားခြားပဲ သက်ရှိထင်ရှား လူတွေ အခြေချနေထိုင်ရာ လူနေရပ်ကွက်တစ်ခု ဖြစ်လို့ နေပါတယ်။

ဒါကတော့ မြို့ပြအရပ်မှာ ရပ်တည်နေထိုင်ဖို့ မတတ်နိုင်ရှာတော့တဲ့ နေစရာမရှိ လူဆင်းရဲတစ်ချို့ ဒီ သင်္ချိုင်းမှာ ပြောင်းရွှေ့လာနေရင်းနဲ့ တစ်စထက်တစ်စ လူတွေ များလာပြီး ခုချိန်မှာ စည်ကားတဲ့ ရပ်ကွက်တစ်ခုလို ဖြစ်နေတာဖြစ်ပါတယ်။

Smor San သင်္ချိုင်း ရပ်ကွက်မှာ လက်ရှိနေထိုင်ကြလျက် ရှိသူတွေအနက် မာနစ်သ် အမည်ရ အမျိုးသမီးကြီးတို့ မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ကာလတစ်ခုမှာ ဒီ သင်္ချိုင်းဟာ ၎င်း မဖြစ်မနေ နေရတော့မယ့် နေရာတစ်ခု ဖြစ်တော့မယ်ဆိုတာကို သိလိုက်ရစဉ်တုန်းက ပြောစရာ စကား ရှာမရအောင် ဖြစ်ခဲ့ရတယ်လို့ အသက် ၄၂ နှစ်အရွယ် ကလေး ၄ ယောက်အမေ မာနစ်သ်က ပြောပါတယ်။

“ ကျွန်မတို့ နေရာမှာ နေလို့ရတယ်ဆိုတာ ယုံတောင်မယုံနိုင်ခဲ့ပါဘူး” လို့ သူမက ဆိုပါတယ်။ မာနစ်သ်တို့ မိသားစုကတော့ ဒီသင်္ခင်္ျုိင်း ရပ်ကွက်မှာ နေလာတာ ခုဆို ၁၆ နှစ်တောင် ရှိသွားပြီလို့ ဆိုပါတယ်။

လက်ရှိမှာ ဒီ Smor San သင်္ချိုင်းရပ်ကွက်ထဲက ကာလာစုံ အုတ်ဂူတွေကြားမှာ ခြေတံရှည်အိမ်လေးတွေ၊ ဆောက်ပြီး နေကြတဲ့ မိသားစု ၁၃၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

ခုလို သင်္ချိုင်းကုန်းက လူနေရပ်ကွက်ဖြစ်လာတော့ တစ်ချို့ကတော့ သူတို့ အမျိုးအဆွေတွေရဲ့ အလောင်းတွေကို ပြန်ဖော်ပြီး တစ်ခြား သင်္ချိုင်းတွေမှာ ပြန်မြုှပ်နှံမှုတွေ လုပ်ကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required