ခေါင်းချွေးထွက်လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ခေါင်းချွေးထွက်လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ခေါင်းမှာ ချွေးထွက်လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့  အဖြစ်မျိုး လူတိုင်းကြုံတွေ့ဖူးမှာပါ။ တကယ်တော့  ချွေးထွက်တယ်ဆိုတာ ကိုယ်တွင်းမှာ ရှိနေတဲ့အပူတွေကို ချွေးအဖြစ်ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များတဲ့အခါကျ  ချွေးနဲ့ပြင်ပကဖုန်တွေရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့၊ ဆံပင်တွေကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။
ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြားချွေးထွက်ရတာလဲ ။ ။

ဦးရေပြားမှာ ချွေးထွက်သန်တာ ဒါတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

  •     စိတ်ဖိစီးမှုများတာ၊ ပူပန်စရာတွေ များတာ
  •     ဒေါသထွက်လွယ်တာ
  •     ဟော်မုန်းအပြောင်းအလဲဖြစ်တာ
  •     ရာသီဥတု ပူတာ
  •     သိုင်းရွိုက်ဟော်မုန်း ဆေးတွေ သောက်နေရတာ
  •     လေ့ကျင့်ခန်းလုပ်ထားတာ နဲ့
  •     ပူစပ်တဲ့ အစားအသောက်တွေ စားထားတာကြောင့် ဖြစ်နိုင်ပါတယ်။

အပေါ်ကပြောထားတဲ့ အချက်တွေ နဲ့လည်း ကိုက်ညီနေပြီဆိုတော့ ခေါင်းချွေးထွက်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။

    ခေါင်းလျှော်ရည် အပျော့စားနဲ့ ခေါင်းကိုတစ်နေ့တစ်ခါ လျှော်ပေးလို့ရပါတယ်။ ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်မှာ for oily scalp  အတွက်ထုတ်ထားတာမျိုးဆို ပို အဆင်ပြေပါတယ်။
    ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း အနည်းငယ်လောက်ကို ရေနွေးလေးနဲ့ရောပြီး ဦးရေပြားပေး မိနစ် ၃၀ ခန့် သုတ်လိမ်းထားပေးပါ။ ပြီးရင် ပုံမှန် အတိုင်း ရေပြန်ဆေးချပါ။

ဘယ်လိုကာကွယ်ကြမလဲ ။

   

  • ပူစပ်တဲ့ အစားအသောက်တွေက ချွေးထွက်များစေတာကြောင့် စပ်တဲ့ အစားအစာတွေ ကို ရှောင်ပါ။
  •  
  •     လေဝင်လေထွက်ကောင်းပြီး သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။
  •  
  •     ရေများများသောက်ပါ။ ရေများများသောက်တာကြောင့် ကိုယ်တွင်းအပူချိန် လျော့ကျသွားပြီး ချွေးထွက်လည်း နည်းသွားမှာပါ။
  •     စိတ်ဖိစီးမှုမရှိအောင် အတတ်နို်င်ဆုံးနေပါ။ စိတ်ဖိစီးမှုများခြင်းကလည်း ခေါင်းချွေးထွက်စေတဲ့ ပြဿနာတွေ ထဲက တစ်ခုဖြစ်လို့ စိတ်ဖိစီးမှုနည်းအောင် တရားထိုင်ပါ၊ ယောဂဆော့ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly