လင်ယောကျ်ား ဖောက်ပြားနေပုံ ဗွီဒီယိုကို လိုင်းတင်ခဲ့သည့် ဆော်ဒီအမျိုးသမီး ထောင်ကျခံရဖွယ်ရှိ

လင်ယောကျ်ား ဖောက်ပြားနေပုံ ဗွီဒီယိုကို လိုင်းတင်ခဲ့သည့် ဆော်ဒီအမျိုးသမီး ထောင်ကျခံရဖွယ်ရှိ

ရီယာ့၊ အောက်တိုဘာ - ၉ ။          ။ သူမ၏ယောကျာ်း ဖောက်ပြန်နေပုံ လျှို့ဝှက်ရိုက်ကူးထားသည့် ဗွီဒီယိုကို လိုင်းတင်ခဲ့သည့်အတွက် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ထောင်ဒဏ်ကျခံရဖွယ်ရှိနေသည်။

ဗွီဒီယိုထဲတွင် အဖြူရောင်အဝတ်အစားနှင့် အရောင်တောက်တောက် ခေါင်းဆောင်း ဆောင်းထားသည့် အမျိုးသားတစ်ဦးက မီးဖိုချောင်ထဲတွင် အမျိုးသမီးအိမ်ဖော်နှင့် ပွတ်သီးပွတ်သပ်လုပ်ရန် ကြိုးစားနေသည့်ပုံပေါ်နေသည်။

အရောင်ဖျော့ဖျော့ဝတ်စားထားသည့် အမျိုးသမီးအိမ်ဖော်မှာမူ အပွတ်အသပ်များကို ကြိမ်ဖန်များစွာ လွတ်အောင် ရှောင်ရုန်းရေပုံပေါ်နေသည်။

ဒီယောကျ်ားအတွက် အသေးဆုံးအပြစ်ဒဏ်က သူ့ကို ကျော်မကောင်းကြားမကောင်းလုပ်တာပဲဟု ပုံစာထိုးထားသည့် ဗွီဒီယိုကို လိုင်းတင်ခဲ့သည့်အတွက် ဇနီးသည်အမျိုးသမီးမှာ အသရေဖျက်မှုစွဲချက်များကို ရင်ဆိုင်ရနိုင်ပြီး ထောင်ဒဏ် ၁နှစ် (သို့မဟုတ်ပါက) ကန်ဒေါ် ၁၀၀၀၀၀ ဒဏ်တပ်ခံရနိုင်သည်။

ဆော်ဒီအာရေဗျ၏ သတင်းအချက်အလက်နည်းပညာ ရာဇဝတ်မှုဥပဒေအရ တရားစွဲခံရနိုင်ပြီး ထောင်ဒဏ်လည်း ကျခံရဖွယ်ရာရှိသည်ဟု ရှေ့နေ မာဂျစ်ကာရုက ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျတွင် အခြားသူများကို အသရေဖျက်ရန် ကင်မရာဖုန်းနှင့် အလားတူကိရိယာများကို အသုံးပြုနေသူ မည်သူ့အတွက်မဆို တင်းကျပ်သော ပြစ်ဒဏ်များ ပြဌာန်းထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly