အာဆီယံထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့တွင် ရခိုင်အရေး၊ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးဖွယ်ရှိ

အာဆီယံထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့တွင် ရခိုင်အရေး၊ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးဖွယ်ရှိ
 ဓာတ်ပုံ-EPA-EFE/RUNGROJ YONGRIT

ဇွန် ၂၃  ။           ။ ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇွန်လ ၂၃ ရက်က ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံခေါင်းဆောင်များ တက်ရောက်ကြသည်။

ယင်း ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာ ဖော်ပြ) များအရေး၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှု အရေး စသည့် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးကြဖွယ် ရှိသည်။

ယမန်နေ့ ဇွန်လ ၂၂ ရက်တွင် အာဆီယံ ဆယ်နိုင်ငံ ခေါင်းဆောင်များက ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲဲ့ပြီး ယင်းတွင် ပင်လယ်ရေကြောင်း ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ရေး လုပ်ဆောင်မည်ဟု ပါရှိသည်။

အလားတူ တရုတ် အဆိုပြုထားသော ဒေသတွင်း ကုန်သွယ်ရေး စာချုပ်တစ်ရပ်၏ အရေးပါမှုကိုလည်း အလေးပေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော ဘင်္ဂါလီ မွတ်ဆလင်များအား မူလနေရပ် ပြန်ပို့ရေး အစီအစဉ်များအပေါ် ထောက်ခံထားခြင်းကို ပြန်လည်သုံးသပ်ရန် လူ့အခွင့်အရေးအုပ်စုများက အာဆီယံခေါင်းဆောင်များကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly