LGBT တွေရဲ့ဘဝဖြတ်သန်းမှု အမှတ်တရများအတွက် ဓာတ်ပုံပြပွဲ ကျင်းပ

LGBT တွေရဲ့ဘဝဖြတ်သန်းမှု အမှတ်တရများအတွက် ဓာတ်ပုံပြပွဲ ကျင်းပ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန်လ၂၂ ။           ။ မြန်မာနိုင်ငံရှိ LGBT များ၏ ဘဝစာမျက်နှာ၊ သူတို့ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရအကြောင်း အရာတွေကို ဖော်ထုတ်ပြသထားတဲ့ ဘဝခရီးပြခန်း ဓာတ်ပုံပြပွဲကို ဇွန်လ ၂၂ ရက်နေ့ကစတင်ပြီး ရန်ကုန်မြို့၊ဝန်ကြီးများရုံးမှာ ၃ ရက်တိုင် ပြသနေပါတယ်။

"၂၀၁၆ ခုနှစ်က စပြီး Project လေးတစ်ခုလုပ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ LGBT တွေရဲ့ အကြောင်း အရာတွေ ၊သူတို့အမှတ်တရ သိမ်းဆည်ထားတဲ့ ပစ္စည်းတွေကိုအဓိကပြသတဲ့ရည်ရွယ်ချက်ပါ။လူတိုင်းမှာ အမှတ်တရဆိုတာ ရှိတယ်။အမှတ်တရတွေကို ပြန်ပြီးတော့ ပြောပြတဲ့အခါ မှာ သူတို့ရဲ့ ဇတ်လမ်းတွေ၊ ဇာတ်ကြောင်းတွေကို သိမယ်။ LGBT တစ်ယောက်အနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ဘဝ အတွေ့အကြုံတွေ ရှိမယ်။ ခက်ခဲခဲ့တာရှိမယ်။ ပျော်ရွှင်ခဲ့တာရှိမယ်။မိသားစုရဲ့ အားပေးမှုတွေ ရှိမယ်၊ မိသားစုက ပစ်ပယ်တာတွေရှိမယ်။ အဲဒီအကြောင်းအရာတွေအကုန်လုံးကို လူတွေကို သိစေချင်တယ် " ဟု  Colors Rainbow မှာ Deputy Director ဖြစ်သူ လှမြတ်ထွန်း က မဇ္ဇိုမ သတင်းဌာန ကိုပြောပါတယ်။

အဆိုပါ ဓာတ်ပုံပြခန်းကို ဇွန်လ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိဝန်ကြီးများ ရုံးမှာ ပြည်တွင်း LGBT အဖွဲ့အစည်းဖြစ်တဲ့ Colours Rainbow  နဲ့ Unstraight Museum တို့က ပူးပေါင်းပြီး အခမဲ့ ပြသနေတာဖြစ်ပြီး ဘဝခရီး အမည် ရ ဓာတ်ပုံပြခန်းမှာ ဓာတ်ပုံပေါင်း ၃၀ ကျော်ကို ပါဝင်ပြသနေတာ ဖြစ်ပါ တယ်။

ဓာတ်ပုံပြခန်းမှာ LGBT တို့ရဲ့ ဘဝဖြတ်သန်းမှုများ ၊ အမှတ်တရများ ၊ ပျော်ရွှင်မှုများ ၊ ဝမ်းသာမှုများကို ဖော်ညွှန်းထားတဲ့ အကြောင်းအရာများကို ဓာတ်ပုံအနေနဲ့ ပြသထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags