တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြ

တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန်လ ၂၂ ။            ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်၏ခေါင်းဆောင်များကို ကုလသမဂ္ဂ ၊ ICC တို့မှ အရေးယူနိုင်ရန် MDCF အဖွဲ့မှ ဦးတင်မောင်ကြည် က ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်း တွင် ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံအရှေ့၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

"ကျွန်တော်တို့ M.D.C.F အဖွဲ့က တောင်းဆိုပါတယ်။ Welcome UN.Welcome ICC ၊ အမြန်ဆုံးလာရောက် အရေးယူဆောင်ရွက်ပေးပါ။  Welcom UN ၊ Welcome ICC  အမြန်ဆုံးလာရောက်ဖမ်းဆီးပေးပါလို့ ကျွန်တော် တို့ ကြိုဆိုထောက်ခံပေးပါတယ်။ အမြန်ဆုံးလာရောက်ဖမ်းဆီးပေးပါ။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲရေးဟာ ဒီစစ်ဗိုလ်ချုပ်တွေ မရှိမှသာလျင် ကျွန်တော်တို့ နိုင်ငံဟာ ပြောင်းလဲလို့ရမှဖြစ်တဲ့အတွက် ကျွန်တော်တို့ ICC ကို ဖိတ်ခေါ်ပါတယ်။ UN ကိုလည်း ဖိတ်ခေါ်ပါတယ်။အမြန်ဆုံး ရာဇဝတ်မှုကြီး ကျူးလွန်ထားတဲ့ ဒီစစ်ဗိုလ်ချုပ် တွေကို အမြန်ဆုံး ဖမ်းဆီးပေးပါလို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူ ၅၄ သန်း ကျော်အစား ကျွန်တော်တို့ M.D.C.F အဖွဲ့ ကနေပြီး တောင်းဆိုပါတယ် " ဟု M.D.C.F အဖွဲ့ မှ ဦးတင်မောင်ကြည် က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ တစ်ကိုယ်တော် ဆန္ဒပြခြင်းအတွက် M.D.C.F မှာ ဦးတင်မောင်ကြည် သည် ဆန္ဒပြရန် ခွင့်ပြုမိန့် တင်ထားခြင်း မရှိသောကြောင့် ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် ကျောက်တံတားမြို့နယ် မှ အုပ်ချုပ်ရေးမှူးတို့က လာရောက်ဖမ်းဆီးခဲ့သည်။

" ကျွန်တော်တို့က ကိုထင်ကျော် ရဲ့ ညွှန်ကြားချက်အရ ဒီကိစ္စကို လှုပ်ရှားခြင်းဖြစ်ပါတယ် " ဟု ဦးတင်မောင်ကြည် က မီဒီယာများ ကိုပြောသည်။

ဦးတင်မောင်ကြည်သည် မိနစ်အနည်းသာ Welcome UN ၊ Welcome ICC ဟု မိနစ်ပိုင်းမျှသာ ကြွေးကြော် ခဲ့ရပြီနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required