မိုက်ခရိုဝေ့နဲ့ ပက်သက်ပြီး မှားသိနေတာလေးတစ်ချို့

မိုက်ခရိုဝေ့နဲ့ ပက်သက်ပြီး မှားသိနေတာလေးတစ်ချို့

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

မိုက်ခရိုဝေ့ ဆိုတာ ခေတ်သစ်ချက်ပြုတ်နည်းပညာတွေထဲမှာ အရမ်းအဆင်ပြေပြီး သုံးရလွယ်ကူတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပါ။ အအေးခံထားတဲ့ ဟင်းတွေကို ပြန်နွေးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ဟင်းတွေ ပြုတ်ကင်ချက်ပြုတ်ဖို့ပဲ ဖြစ်ဖြစ် အဖက်ဖက်က အသုံးဝင်တဲ့ အရာတစ်ခုပါ။ ဒီလို အသုံးဝင်လှတဲ့ မိုက်ခရိုဝေ့နဲ့ ပက်သက်လို့ လူတွေ မှားသိနေကြတဲ့ အရာတစ်ခုရှိပါတယ် ။ ။
မိုက်ခရိုဝေ့နဲ့ ပက်သက်ပြီးလူသိမှားတဲ့ အချက် ၃ ချက် ။ ။
( ၁ ) မိုက်ခရိုဝေ့ထဲ ထည့်လိုက်ရင် အာဟာရဓာတ် တွေ အားလုံးပျက်ကုန်တယ် ။။

အရမ်းပူတဲ့ အပူချိန်နဲ့ထိတွေ့လိုက်တဲ့အခါ တစ်ချို့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် C တွေက ပြိုကွဲသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒါက အပူချိန်နဲ့ အချိန်အကြာကြီးထိတွေ့မှ ဖြစ်တဲ့အတွက် မိုက်ခရိုဝေ့လိုမျိုး ခဏလေးနဲ့ ချက်ပြီး ကျက်သွားတဲ့ စားစရာတွေမှာတော့ အာဟာရဓာတ် တွေ ဆုံးရှုံးစရာမရှိပါဘူး။
( ၂ ) မိုက်ခရိုဝေ့ထဲနဲ့ ချက်တဲ ့စားစရာတွေက ကင်ဆာဖြစ်စေတယ် ။ ။

မိုက်ခရိုဝေ့မှာ x-rays တွေ gamma rays တွေ မပါဝင်တဲ့အတွက် စားစရာတွေကို ရေဒီယိုဓာတ်ကြွမဖြစ်စေတဲ့အပြင် ကင်ဆာဖြစ်စရာ အကြောင်းမရှိပါဘူး။ မိုက်ခရိုဝေ့ဆိုတာ စားစရာတွေကို အပူပဲပေးတာပါ။ သူတို့ရဲ့ ဓာတုဓာတ်ပေါင်းတွေနဲ့ မော်လီကျူးတွေကို ပြောင်းလဲတာမဟုတ်ပါဘူး။ ဒါေ့ကြာင့် မိုက်ခရိုဝေ့အစားအစာတွေကို စားရင်ကင်ဆာဖြစ်စရာ အ ကြောင်းမရှိပါဘူး။

ဒါပေမယ့် တစ်နေရာရာမှာ ထိခိုက်ပျက်စီးနေတဲ့ မိုက်ခရိုဝေ့ကတော့ ရေဒီယိုသတ္တုလှိုင်းတွေ ယိုထွက်နေနိုင်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိုက်ခရိုဝေ့ကို ဘယ်လိုပုံနဲ့ သုံးရမလဲဆိုတဲ့ နည်းအတိုင်း လိုက်နာပြီး သေချာ အသုံးပြုသင့်ပါတယ်။

နောက်တစ်ချက်က မိုက်ခရိုဝေ့ ထဲ ပလတ်စတစ်ပါတဲ့ ခွက်တွေနဲ့ စားစရာတွေကို အပူပေးမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်နိုင်ချေများပါတယ်။ ဒ့ါအပြင် ပလတ်စတစ်ခွက်တွေနဲ့ စားစာရာတွေကို မိုက်ခရိုဝေ့ထဲထည့်မယ်ဆိုရင် သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မိုက်ခရိုဝေ့ကိုယ်တိုင်က ကင်ဆာဖြစ်စေတာမဟုတ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းအတိုင်းသာ လိုက်နာမယ်ဆိုရင် မိုက်ခရိုဝေ့က ကျန်းမာရေးကို မထိခိုက်စေပါဘူး ။ ။
( ၃ ) မိုက်ခရိုဝေ့ထဲ အသားတွေ ချက်တဲ့အခါ အသားတုံးကြီးလေလေ အပူချိန်မြင့်မြင့် သုံးရလေလေပါ။ ။

ဒါကမှားနေတဲ့ အယူတစ်ခုပါ။ မို်က်ခရိုဝေ့ထဲမှာ အသားတုံးကြီးကြီးတွေကို ချက်ပြုတ်တော့မယ်ဆိုရင် အပူချိန် အလယ်လောက်မှာပဲ ထားပြီး အချိန်ကြာကြာချက်ပြုတ်ပေးပါ။ မြန်မြန်ကျက်အောင် အပူချိန်မြင့်မြင့်သုံးရမယ်ဆိုတာ မဟုတ်ပါဘူး။ အလယ်အလတ်အပူချိန်နဲ့ အချိန်ကြာကြာချက်ပြုတ်မှ အတွင်းပို်င်းအသားတွေ သေချာကျက်ပြီး အပြင်ပိုင်းအသားတွေ တူးတာမျိုးကို ဖြစ်စေမှာ မဟုတ်ပါဘူး။

မိုက်ခရိုဝေ့နဲ့ ပက်သက်ပြီး အခြားသိသင့်တဲ့ အချက်တွေကတော့

  •    
    မိုက်ခရိုနဲ့ စားစရာတွေ ချက်နေတဲ့အချိန်အတွင်း တစ်ဝက်လောက်မှာ စားစရာတွေကို ဘက်လှည့်ပေးပါ။ ဒါမှ အပူမထိတဲ့ နေရာတွေ မရှိတော့ဘဲ ပိုးတွေလည််းသေ အသားတွေလည်း ညီညီညာညာ ကျက်မှာဖြစ်ပါတယ်။
  •     မိုက်ခရိုဝေ့နဲချက်နေစဉ်အတွင်း မှန်ကန်တဲ့ အပူချိန် ဟုတ်မဟုတ် သာမိုမီတာနဲ့ တိုင်းတာပေးပါ။
  •     နောက်ဆုံး အချက်ကတော့ မိုက်ခရိုဝေ့ထဲ ကြက်သားတို့ ဘဲတို့ကို ကောင်လုံးထည့်ကင်တာမျိုး မလုပ်သင့်ပါဘူး။ မိုက်ခရိုဝေ့ထဲက အပူချိန်က အသားတွေ အာလုံးဆီ အညီအမျှ မရောက်တော့ မကျက်တဲ့အသားတွေ စားမိတာ၊ ပိုးတွေ အကုန်မသေတာနဲ့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required