၂၀၁၅ ခုနှစ်အတွင်း နိုင်ပွဲမရစံချိန်ကို မြန်မာအသင်း ချိုးဖျက်နိုင်ခြင်းမရှိသေး

၂၀၁၅ ခုနှစ်အတွင်း နိုင်ပွဲမရစံချိန်ကို မြန်မာအသင်း ချိုးဖျက်နိုင်ခြင်းမရှိသေး
လက်ဘနွန်နှင့်ပွဲမတိုင်မီ မြန်မာအသင်းကို တွေ့ရစဉ်။

အောက်တိုဘာ ၉၊ ရန်ကုန် ။         ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု စတုတ္ထမြောက်ပွဲစဉ်တွင် လက်ဘနွန်အသင်းကို ၂-ဝဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် အတွင်း နိုင်ပွဲမရစံချိန်ကို ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၄ဆူဇူကီးပြိုင်ပွဲပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ ၈ပွဲကစားထားရာတွင် ၂ ပွဲသရေ၊ ၆ ပွဲရှုံး ရလဒ်ရရှိထားသည်။

မြန်မာအသင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲများအဖြစ် ၄ ပွဲကစားထားပြီး အင်ဒိုနီးရှားအသင်းကို ၂-၁ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၁-ဝဂိုး၊ ယူအေအီး ၁-၀ ဂိုးတို့ဖြင့် ရှုံးထားကာ နယူးဇီလန်အသင်းနှင့် တစ်ဂိုးစီသရေ ကျထားသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ပွဲကစားထားရာတွင် လာအိုအသင်းနှင့်နှစ်ဂိုးစီ သရေကျထားပြီး ကူဝိတ်ကို ၉-ဝ၊ လက်ဘနွန်ကို ၂-ဝဂိုး၊ တောင်ကိုရီးယားကို ၂-ဝဂိုးတို့ဖြင့် ရှုံးထားသည်။

မြန်မာအသင်းမှာ နည်းပြ အေဗရာ မိုဗစ် လက်ထက်တွင် နိုင်ငံတကာပွဲစဉ် ၁၄ပွဲကစားထားပြီး ၆ပွဲနိုင်၊ ၂ပွဲသရေ၊ ၆ပွဲရှုံးရလဒ်ရရှိထားသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ ၂၀၁၅ခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လာအို၊ လက်ဘနွန်၊ ကူဝိတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် ဆက်လက် ကစားရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly