လွတ်လပ်တဲ့ မီဒီယာအတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ

လွတ်လပ်တဲ့ မီဒီယာအတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ

အားလုံးပဲမင်္ဂလာပါခင်ဗျာ

ဒီစာကို မဇ္စျိမကို စတင်တည်ထောင်ခဲ့တဲ့ သူတစ်ဦးအနေနဲ့၊ ပြီးတော့ လက်ရှိ မဇ္စျိမ ရဲ့ အယ်ဒီတာချုပ် နဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ တစ်ဦးအနေနဲ့ မဇ္စျိမရဲ့ စာဖတ်သူတွေ၊ ကြည့်ရူ့သူတွေ၊ အစဉ်တစိုက်အားပေးလာသူတွေ၊မဇ္စျိမကို ကူညီပံ့ပိုးနိုင်မယ့် သူတွေ အားလုံးကို ရည်ရွယ်ပြီး ရေးလိုက်တာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာဒုက္ခသည်အနေနဲ့ နေထိုင်ရင်း ပြည်ပရောက်မြန်မာတွေနဲ့ မြန်မာပြည်ထဲမှာ သတင်းအမှောင်ချခံထားရတဲ့ ပြည်သူတွေအတွက် အင်တာနက်ကို အခြေခံပြီး လွတ်လပ်တဲ့ မီဒီယာတစ်ခုတည်ထောင်လုပ်ကိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးကနေစခဲ့တဲ့ မဇ္စျိမမီဒီယာဟာ ဒီနေ့ဆိုရင် (၂၁) နှစ်ထဲကို ချည်းကပ်ဝင်ရောက်လာခဲ့ပါပြီ။

အစွန်းနှစ်ဖက်ကနေ လွတ်ကင်းရာဆိုတဲ့ သဘောကို နှစ်သက်တာရယ်၊ သတင်းမီဒီယာအနေနဲ့ လွတ်လပ်ပြီး၊ ဘက်မလိုက်တဲ့ အဓိပ္ပါယ်ကိုယူပြီး မဇ္စျိမလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ဖြစ်လာတော့ ၂၀၁၂ ခုနှစ် နှစ်ဆန်းမှာ မြန်မာနိုင်ငံကို ကျနော်တို့တတွေပြန်လာပြီး၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာလုပ်ငန်းကို ဆက်လုပ်ကိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မဇ္စျိမမီဒီယာကုမ္ပဏီ ကို မြန်မာကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပြီး သတင်းမီဒီယာလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

FREE, FAIR and RESPONSIBLE ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဇ္စျိမမီဒီယာ ဟာ အခုဆိုရင် မူလစတင်တည်ထောင်ခါစကတည်းကရှိတဲ့ မြန်မာ နဲ့ အင်္ဂလိပ်ဘာသာ ဝက်ဆိုက် တွေအပြင်၊ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်း၊ မိုဘိုင်းဖုံးကနေတစ်ဆင့်ပေးပို့တဲ့ သတင်း ၊ Facebook စာမျက်နှာတွေ အပြင် Free-To-Air Digital Mizzima TV Channel ကိုလည်း လုပ်ကိုင်နေပါတယ်။

တိုးချဲ့လာတာနဲ့အတူ မဇ္စျိမမီဒီယာမှာလုပ်ကိုင်တဲ့ ဝန်ထမ်းဦးရေဟာလည်း များပြားလာခဲ့ပါတယ်။ ၂၀၁၀ ဝန်းကျင်က ဝန်ထမ်းဦးရေ (၃၀) အောက်သာ ရှိတဲ့ မဇ္စျိမ ဟာ၊ အခုဆိုရင် သတင်းလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ ဝန်ထမ်းပေါင်း ၁၀၀ ကျော်နဲ့ မီဒီယာတိုက်ကြီးတစ်ခုဖြစ်လာပါပြီ။ မဇ္စျိမ မီဒီယာ မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေအပါအဝင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ဟာ အသက် (၂၀) မှ အသက် (၃၀) အတွင်း ဖြစ်ကြပါတယ်။ အများစုဟာ အသက် (၄၀) အောက်တွေ ဦးဆောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း တွေ့လာရတာက အဆောက်အဦးအခက်အခဲဖြစ်ပါတယ်။ အထွေထွေကုန်ကျစားရိတ်မြင့်တက်လာမှု၊ လျှပ်စစ်မီးပြတ်တောက်မှုရယ်နဲ့ ငှားရမ်းခဝန်ထုတ်တွေကို ရေရှည်မှာကျော်လွှားနိုင်ဖို့ အတည်တကျရှိမယ့် အဆောက်အဦးလိုလာပါတယ်။

ဒီလို လိုအပ်နေတဲ့ မဇ္စျိမရုံးအဆောက်အဦး အတွက် လိုအပ်တဲ့ ငွေကြေးကို ထောက်ပံ့ကူညီနိုင်မယ့် Mizzima Key Campaign (မဇ္စျိမအတွက် သော့ချောင်း ကန်ပိန်း) ကို ကျနော်တို့ စတင်လုပ်ဆောင်ပါတော့မယ်။

လွတ်လပ်တဲ့ မီဒီယာအတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ

ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကို အားပေးတဲ့ သူတွေ၊ မဇ္စျိမရဲ့ ဝန်ထမ်းတွေ၊ စာဖတ်ပရိတ်တွေ၊ မဇ္စျိမ ရဲ့ ရုပ်မြင်သံကြား ကြည့်ရှုသူ ပရိတ်သတ်တွေနဲ့ မြန်မာ နဲ့ ကမ္ဘာ့ပြည်သူတွေကို မေတ္တာရပ်ခံပြီး၊ မဇ္စျိမရဲ့ သော့ချောင်းတွေကို ဝယ်ယူအားပေးခြင်းဖြင့်၊ လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်တဲ့ မဇ္စျိမမီဒီယာ ကို ထောက်ခံအားပေးပါလို့ မေတ္တာရပ်ခံချင်တာပါ။

ဝယ်ယူအားပေးလိုက်တဲ့ သော့ချောင်းပေါ်မှာ ဝယ်ယူအားပေးသူရဲ့အမည်ကို ကမ္ဗည်းထိုးထားပေးမှာ ဖြစ်ပြီး၊ သော့တစ်ခုကို ဝယ်ယူသူက ယူထားပြီး၊ နောက်တစ်ချောင်းကို မဇ္စျိမရဲ့ နောင်ဖြစ်လာမယ့် ရုံးအဆောက်အဦအသစ်ရဲ့ အထင်ကရတစ်နေရာမှာ အမှတ်တရ ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပြည်သူတွေက ဝယ်ယူအားပေးတဲ့သော့ချောင်းတွေ ရောင်းလို့ရတဲ့ငွေနဲ့ မဇ္စျိမဝန်ထမ်းတွေ အလုပ်လုပ်နိုင်ဖို့အတွက်၊ မဇ္စျိမရဲ့ စာဖတ်ပရိသတ်တွေ၊ ကြည့်ရှုသူတွေ ဝင်ထွက်သွားလာနိုင်မယ့် မဇ္စျိမ ရန်ကုန်ရုံး အဆောက်အဦကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက် – မဇ္စျိမရန်ကုန်ရုံးအတွက် မြေနေရာဝယ်ယူရန် နှင့် အဆောက်အဦး ဆောက်လုပ်ရန်

လိုအပ်သည့်ငွေကြေး ပမာဏ – မြန်မာငွေကျပ် သိန်းပေါင်း (၇၅၀၀) (အမေရိကန်ဒေါ်လာ ငါးသိန်း)

ရန်ပုံငွေရှာမည့်ကာလ – ၂၀၁၉ ခုနှစ် ဇွန် လ (၂၁) ရက် မှ ၂၀၂၀ ခုနှစ် ဇွန် လ (၂၁) ရက်အထိ

ကန်ပိန်း အမည် – Mizzima Key Campaign

ဆောင်ပုဒ် – လွတ်လပ်တဲ့ မီဒီယာ အတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ (Own the key to independent media)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (A) – မြန်မာငွေ ကျပ် သုံးသောင်း (အမေရိကန်ဒေါ်လာ ၂၀)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (B) – မြန်မာငွေ ကျပ် ခုနှစ်သောင်းခွဲ (အမေရိကန်ဒေါ်လာ ၅၀)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (C) – မြန်မာငွေ ကျပ် တစ်သိန်းခွဲ (အမေရိကန်ဒေါ်လာ ၁၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု – အမျိုးအစား (A) – မြန်မာငွေ ကျပ် ခုနှစ်သိန်းခွဲ (အမေရိကန် ဒေါ်လာ ၅၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု– အမျိုးအစား (B) – မြန်မာငွေ ကျပ် တစ်ဆယ့်ငါးသိန်း (အမေရိကန် ဒေါ်လာ ၁၀၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု – အမျိုးအစား (C) – မြန်မာငွေ ကျပ် သိန်းသုံးဆယ် (အမေရိကန် ဒေါ်လာ ၂၀၀၀)

လတ်တလောမှာ မဇ္စျိမ ဝန်ထမ်း များ နဲ့ သူတို့ရဲ့ ဆွေမျိုးမိတ်ဆွေများ က Mizzima Key Campaign ကနေ သော့ချောင်းပေါင်း (၈၃) ချောင်း ဝယ်ယူအားပေးပြီး၊ မြန်မာငွေကျပ် (၃,၉၃၀,၀၀၀) ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အမည် နဲ့ အသေးစိတ်ကို http://building.mizzimafoundation.org/mizzima-key-campaign/ ဝက်ဆိုက်မှာ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။

ဒီနေရာမှာဖြည့်စွက် ပြောချင်တာတစ်ခုကတော့ ကျနော်တို့ ဘာဖြစ်လို့ သော့ချောင်း ကို ရွေးရသလဲဆိုရင် သော့ချောင်းတွေဟာ ကံကောင်းမှုရဲ့ သင်္ကေတဖြစ်တယ်။ အရေးကြီးတယ်။ အဓိပ္ပါယ် အများကြီး ရှိတယ်။ အိမ်တအိမ် မှာ သော့မရှိရင် ဝင်လို့ မရ၊ ကားတစ်စီး မှာ သော့မရှိရင် စက်နှိုးလို့ မရ သလို၊ လုံခြုံတဲ့ မီးခံသေတ္တာ မှာ သော့ လိုအပ်သလို၊ လွတ်လပ်မှု နဲ့ လွတ်မြောက်ရေး အတွက် သော့ ဟာ ပြယုဒ် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သော့ချောင်း ဟာ ဗဟုသုတ၊ သိရှိလိုမှု၊ ရဲရင့်မှု တွေကို ကိုယ်စားပြုပါတယ်။ မိသားစုတစ်ခု တည်ထောင်ရင်၊ အိမ်အသစ်တည်ဆောက်ရင် သော့ ရှိရမှာ ဖြစ်သလို၊ အောင်မြင်မှုအတွက် သော့ လိုအပ်ပါတယ်။ ချစ်သူစုံတွဲတွေမှာ တစ်ယောက် နဲ့ တစ်ယောက် အချစ်မေတ္တောခိုင်မာမှုကို သော့ချောင်း ပေးတာနဲ့ ပြသလေ့ရှိပါတယ်။ “Language is the key to the heart of people” ဘာသာစကားဟာ လူသားတွေရဲ့ အသဲနှလုံးကို ဖွင့်နိုင်တဲ့ သော့ ပါပဲတဲ့။

ဒါကြောင့်မို့လို့ မဇ္စျိမကို အားပေးတယ်ဆိုရင် သော့ချောင်းတွေ အများကြီး ဝယ်ယူပေးပါလို့ မေတ္တာရပ်ခံရင်း နောက်တပတ် မှာ ပြန်ဆုံကြမယ်လေ။

ဆက်သွယ်ရန် နှင့် အသေးစိတ် ကြည့်ရူ့ရန်

Email – [email protected]
Mobile – 09421010100
Website – http://building.mizzimafoundation.org

စိုးမြင့်
ဇွန်လ (၂၁) ရက်၊ ၂၀၁၉ ခုနှစ်
ရန်ကုန်မြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly