မလေးရှားတွင် အသက် ၂ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မျက်နှာကျက်ပန်ကာနှင့် ထိခိုက်မိပြီး သေဆုံး

မလေးရှားတွင် အသက် ၂ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး မျက်နှာကျက်ပန်ကာနှင့် ထိခိုက်မိပြီး သေဆုံး

ဇွန် ၂၀ ။              ။ မလေးရှားနိုင်ငံတွင် အသက် နှစ် နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး လည်နေသည့် မျက်နှာကျက်ပန်ကာနှင့် ထိခိုက်မိပြီး သေဆုံးသွားကြောင်း ရဲက ဇွန်လ ၁၉ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံမှ အဆိုပါ နှစ်နှစ်သားအရွယ် မိန်းကလေးငယ်လေးဟာ သူမ၏ ဦးလေးဖြစ်သူနှင့်  ဆော့နေစဉ် ခုလို ထိခိုက်မိပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်တွင် အသက် ၂၅ နှစ်ရှိ ဦးလေးဖြစ်သူက တူမဖြစ်သူကို လေထဲ  မြှောက်ပင့် မြှူချော့ ဆော့ကစားနေခဲ့စဉ် အပေါ်မျက်နှာကျက်တွင် လည်နေသည့် ပန်ကာရွက်နှင့် ကလေးငယ်၏ ခေါင်း ထိခိုက်မိသွားခြင်းဖြစ်ကြောင်း အမ်ပန် ဂျာယာ ဒေသ ရဲဌာန အကြီးအကဲ နိုအာ အက်ဇ်မီ ယူဆော့ဖ် က ပြောသည်။

စစ်ဆေးမှုများအရ ယင်းလမ်းလျှောက်စအရွယ် မြန်မာကလေးငယ်လေးဟာ ဦးခေါင်း ဒဏ်ရာနဲ့ သေဆုံးသွားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ဟု New Straits Times ကလည်း ဖော်ပြခဲ့သည်။

ယင်း ဖြစ်စဉ်သည် ဇွန်လ ၁၆ ရက် ည ၁၀ ခန့်က တာဆစ် တမ်ဘာဟန် အမ်ပန်ရပ်ကွက်ရှိ နှစ်ထပ်အိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောငး် သိရသည်။

ကလေးငယ် သေဆုံးမှုဖြစ်ပြီး ဖခင်ဖြစ်သူက ရဲကို တိုင်တန်းခဲ့တဲ့အတွက် ဦးလေးဖြစ်သူလည်း ဇွန်လ ၁၈ ရက်က အဖမ်းခံထားရပြီဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required