ဒေါ်နယ်ထရမ့်က သမ္မတရာထူး ဒုတိယသက်တမ်းအတွက် တရားဝင် မဲဆွယ်စည်းရုံးရေး စတင်

ဒေါ်နယ်ထရမ့်က သမ္မတရာထူး ဒုတိယသက်တမ်းအတွက် တရားဝင် မဲဆွယ်စည်းရုံးရေး စတင်

ဇွန် ၁၉ ။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်ရွေးချယ်ခံသွားဖို့အတွက် ဇွန်လ ၁၈ ရက်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ တရားဝင် မဲဆွယ်စည်းရုံးရေးကမ်ပိန်းကို စတင်ခဲ့ကြောင်း သိရပါတယ်။

“ ကျွန်တော် ဘာကြောင့် ဒီညမှာ ခင်ဗျားတို့ ရှေ့မှာ ရပ်နေသလဲ ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ရာထူး ဒုတိယမြောက် သက်တမ်းအတွက် တရားဝင်မဲဆွယ်ဖို့ပါပဲ”  လို့ ထရမ့်က မဲဆွယ်အခမ်းအနားမှာ လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ထရမ့်က ဒီမိုကရက်တွေအပေါ်မှာလည်း ပြစ်တင်သွားခဲ့ပြီး ၎င်းတို့ဟာ နိုင်ငံကို တစ်စစီ ဆုတ်ဖြဲပစ်မယ့် သူတွေကို စွပ်စွဲသွားခဲ့ပါတယ်။

ကနဦး သဘောထားစစ်တမ်းတွေမှာတော့ ထရမ့်ကို တစ်ဘက်က စိန်ခေါ်လာနိုင်မယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေရဲ့ နောက်မှာရှိနေစေလျက် ရှိကြောင်း သိရပါတယ်။

ယခု မဲဆွယ်စည်းရုံးရေး ကမ်ပိန်းမှာတော့ ထရမ့်အပြင် ဒုသမ္မတ မိုက်ပန့်စ်နဲ့ ရာထူးကနေ ထွက်ခွာတော့မယ့် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာ ဆန်းဒါးစ် တို့လည်း လူအုပ်ကြီးကို စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required