အီရန်နှင့် တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်က အရှေ့အလယ်ပိုင်းသို့ စစ်သည် ၁,၀၀၀ ထပ်မံစေလွှတ်

အီရန်နှင့် တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်က အရှေ့အလယ်ပိုင်းသို့ စစ်သည် ၁,၀၀၀ ထပ်မံစေလွှတ်

ဇွန် ၁၈ ။             ။ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုကိစ္စတွေ ပေါ်ပေါက်ပြီးနောက် အီရန်နှင့်အကြား ဆက်ဆံရေး တင်းမာလာနေစဉ် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ ယင်းရဲ့ တပ်ဖွဲ့ဝင်အင်အားကို ထပ်မံဖြည့်တင်းသွားမယ်လို့ သိရပါတယ်။

ယခုအခါ တင်းမာမှု မြင့်တက်နေစဉ် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်က ယင်းရဲ့ တပ်ဖွဲ့ဝင်အင်အား နောက်ထပ် ၁,၀၀၀ ထပ်မံစေလွှတ်သွားမယ်လို့ သိရပါတယ်။

ဒါဟာ အီရန် တပ်ဖွဲ့တွေရဲ့ ရန်လိုတဲ့ အပြုအမူတွေကို တုန့်ပြန်တဲ့အနေနဲ့ ခုလို အင်အားဖြည့်တင်းမှုတွေ လုပ်တာဖြစ်ကြောင်း အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အိုမန်ပင်လယ်ကွေ့ထဲ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုမှာ အီရန် လက်ချက်ဖြစ်ကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။

ဒီ စွဲချက်တွေကိုတော့ အီရန်ဘက်က တွင်တွင် ငြင်းဆန်ထားပါတယ်။

ဒီလို အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ တပ်ဖွဲ့ အင်အားဖြည့်တင်းချထားမှုအပေါ် ရုရှားနိုင်ငံကတော့ သတိပေးသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required