ဂျပန်မှာ 7-Eleven ဆိုင်တွေ လုပ်သားရှားပါးမှုနှင့် ကြုံတွေ့ပြီး ရုန်းကန်နေရ

By Japan Today
18 June 2019
ဂျပန်မှာ 7-Eleven ဆိုင်တွေ လုပ်သားရှားပါးမှုနှင့် ကြုံတွေ့ပြီး ရုန်းကန်နေရ
 A 7-Eleven store in Tokyo Photo: Pakutaso

ဇွန် ၁၈ ။             ။ ဂျပန်နိုင်ငံက 7- Eleven convenience stores ဆိုင်တွေရဲ့ ပိုင်ရှင်တွေကတော့ ယခုအခါမှာ စီးပွားရေး ပုံစံ ခြိမ်းခြောက်ခံရမှု အကျပ်အတည်းတစ်ရပ်နဲ့ ရင်ဆိုင်တွေ့ကြုံနေရတယ်လို့ သိရပါတယ်။ ယင်းနိုင်ငံရဲ့ demographic နဲ့ လုပ်သား ရှားပါးမှု ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ယင်း စတိုးဆိုင် လုပ်ငန်းတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။

“ ကျွန်တော်က ဒီ 7-Eleven logo အောက်မှာ အလုပ်လုပ်ရတာ တကယ်နှစ်သက်သူပါ၊ ဂျပန် လူ့အဖွဲ့အစည်းမှာလည်း ဒီ convenience stores တွေ လိုအပ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ ဒါပေမယ့် အရိုးသားဆုံး ပြောရရင် ခုချိန်မှာ စတိုးဆိုင်ဌာနချုပ်တွေကတော့ လူအဖွဲ့အစည်းအတွင်းက အပြောင်းအလဲကို ရင်ဘောင်တန်းနိုင်ခြင်း မရှိတော့ပါဘူး” ဆိုပြီး တိုကျိုမြို့ အရှေ့ပိုင်း Ibaraki စီရင်စုက 7-Eleven stores တွေကို ၃၇ နှစ်ကြာ ပိုင်ဆိုင်ထားတဲ့ Atsushi Nara က ပြောပါတယ်။

နိုင်ငံမှာ ပထမဆုံးသော Seven-Eleven Japan Co စတိုးကို ၁၉၇၄ ခုနှစ်က ဖွင့်လှစ်ပြီးနောက် အဆိုပါ စတိုးတွေကတော့ ဂျပန် လူမှု အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်လို့ အသက် ၅၈ နှစ်အရွယ် Nara က ပြောပါတယ်။

သို့ပေမယ့် ယခုအခါမှာ ဂျပန်နိုင်ငံမှာ  လုပ်သားရှားပါးမှု ပြဿနာ ၊ အလုပ်သမား ငှားရမ်းခန့်ထားရမှု ကုန်ကျစရိတ် မြင့်တက်မှုတို့ကြောင့် 7-Eleven ရဲ့ စီမံခန့်ခွဲမှုပိုင်းအတွက် အကျပ်အတည်းတွေ ဖြစ်ပေါ်ထားစေပြီ ဖြစ်ကြောင်း သိရပါတယ်။

၂၄ နာရီပတ်လုံး ဖွင့်လှစ်လုပ်ကိုင်နေရတဲ့ ယင်းစတိုးဆိုင်လုပ်ငန်းမှာ လုပ်သားရှားပါးမှုနဲ့အတူ ဝင်ငွေဖြစ်ထွန်းနိုင်ဖို့အတွက် အသည်းအသန် ရုန်းကန်နေရလျက် ရှိကြောင်း သိရပါတယ်။

ခုချိန်မှာ 7-Eleven တစ်ခုတည်းသာမဟုတ်ဘဲ Lawson နဲ့ Family Mart လို နိုင်ငံရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး convenience stores လုပ်ငန်းတွေလည်း ဒီလို အလားတူပြဿနာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required