ဖြုတ်ချခံ အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံးမှာ မူးမေ့လဲကျပြီးနောက် ကွယ်လွန်

ဖြုတ်ချခံ အီဂျစ်သမ္မတဟောင်း မော်စီ တရားရုံးမှာ မူးမေ့လဲကျပြီးနောက် ကွယ်လွန်

ဇွန် ၁၈ ။         ။ အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီဟာ ဇွန်လ ၁၇ ရက်က နှလုံးအမောဖောက်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

သူလျှိုမှု စွဲချက်တွေနဲ့ပတ်သက်လို့ အမှုရင်ဆိုင်နေခဲ့ရတဲ့ မော်စီဟာ ယင်းနေ့က တရားရုံးမှာ မူးမေ့လဲကျခဲ့လို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အသက် ၆၇ နှစ်အရွယ် မော်စီကတော့ အီဂျစ် မျက်မှောက်ခေတ် သမိုင်းမှာ ပထမဆုံးသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရတဲ့ နိုင်ငံအကြီးအကဲလည်း ဖြစ်ပါတယ်။

၎င်းကတော့ အာဏာရပြီး တစ်နှစ်အကြာမှာပဲ လူထုဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ၂၀၁၃ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံခဲ့ရပြီး ထောင်ကျခံနေခဲ့ရသူလည်း ဖြစ်ပါတယ်။

ယခုလို မော်စီ ကွယ်လွန်မှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အီဂျစ်အစိုးရအပေါ် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required