(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
၂၀၁၈ ခုနှစ်က ကျင်းပခဲ့သော (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်။ ဓာတ်ပုံ- EPA

ဇွန် ၁၈ ။              ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။

၂၀၁၉ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ထိုင်းနိုင်ငံတွင် (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အာဆီယံဒေသတွင်းဆိုင်ရာများကို ဆွေးနွေးကြမည် ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးအပါအဝင် အာဆီယံလူမှုအသိုက်အဝန်းကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ပြီး ASAEN Senior official meeting များပါ ပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့်  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေးရနိုင်ဖွယ် ရှိနေသည်။

၂၀၁၉ ခုနှစ်၊ မတ် ၄ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံရေး စခန်းနှင့်လှဖိုးခေါင်ကြားစခန်းတို့တွင် အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့[ASEAN Emergency Response and Assessment Team (ASEAN-ERAT)] မှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များလေ့လာခဲ့ပြီးနောက် တွေ့ရှိသည့်အချက်များကို အခြေခံကာ  ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာ အား ၂၀၁၉ ခုနှစ်၊ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ တင်ပြရန် စီစဉ်ထားသည်။

၂၀၁၉ ခုနှစ်၊ မတ် ၄ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည်လက်ခံရေး စခန်းနှင့်လှဖိုးခေါင်ကြားစခန်းတို့တွင် အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့[ASEAN Emergency Response and Assessment Team (ASEAN-ERAT)] မှ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များ လေ့လာခဲ့ပြီးနောက် တွေ့ရှိသည့် အချက်များကို အခြေခံကာ  ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာ အား ၂၀၁၉ ခုနှစ်၊ (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ တင်ပြရန် စီစဉ်ထားသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အရ နေရပ်စွန့်ခွာသူများ ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အာဆီယံနှင့် ပူးတွဲလုပ်ဆောင်နေသည်ဟု မြန်မာဖက်မှ ပြောဆိုထားသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required