မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

ကိုယ်ကနေအနံ့ဆိုးတွေထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုးတစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့ လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာက မိန်းကလေးတိုင်းရဲ့  စိတ်ကူးပါ။  ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရော မိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့က အနံ့အသက်ကင်းဖို့လည်း လိုပါတယ်။

ဒီတော့ဘာလုပ်မလဲ အနံ့ဆိုးထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှ တော်ကာကျမှာပါ။ ခန္ဓာကိိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။
လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခု

လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်အနံ့ဆိုးထွက်တာပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေထွက်နိုင်ပါတယ်နော်။ ဒါက လေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက အလှကြိုက်တဲ့ လေဒီလေးတွေအဖို့တော့ အလှပျက်စေတဲ့အချက်တစ်ခုပေါ့။ မိန်းမကိုယ်က အနံ့တော့ရှိပါတယ်။ မကျန်းမာတဲ့အခါမှာောတ့ အနံ့ဆိုးက ပိုဆိုးတာမျိုးဖြစ်နိုင်ပါတယ်နော်။
ဘာတွေက မိန်းမကိုယ်အနံ့ဆိုးကိုဖြစ်စေတာလဲ

မိန်းမကိုယ်ကနေ အနံ့ဆိုးဖြစ်စေတဲ့ အချက်တွေတော်တော်များများရှိနေပါတယ်။ အထူးသဖြင့်ကတော့ ဘက်တီးရီးယားတွေ၊ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ လိင်ဆက်ဆံမှု နဲ့ အခြားသောအကြောင်းအရာတွေကြောင့် မိန်းမကိုယ်မှာ အနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။

ရောဂါပိုးကူးစက်ခံရတာ – မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက မနှစ်မြို့ဖွယ်အနံ့ဆိုးတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ မိနး်မကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့တွေဖြစ်ပေါ်နိုင်ပါတယ်။ အခြားလက္ခဏာတွေအနေနဲ့ကတော့  မိန်းမကိုယ်မှာ ပူစပ်ပူလောင်ဖြစ်တာ။ အဖြူဆင်းသလိုမျိုး အကျိအချွဲတွေဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့အတူ နာကျင်တာနဲ့ နေရခက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ – တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ။ အထူးသဖြင့် ရေမှန်မှန်မချိုးတာ၊ လစဉ်သုံးပစ္စည်းကို ပုံမှန်လဲလှယ်တာမျိုးမလုပ်တာ၊ မိန်းမကိုယ်ကို ထိုက်သင့်တဲ့ သန့်ရှင်းမှုတွေမလုပ်တာကြောင့်လည်း မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ – အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာက မိန်းမကိုယ်ထဲကို ဘက်တီးရီးယာတွေ အလုံးအရင်းနဲ့ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ရာကျပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ အကာအကွယ်သုံးပေးပါ။ ဒီလိုသုံးတာက မိန်းမကိုယ် အနံ့ဆိုးထွက်တာကို တင်သက်သာစေတာမဟုတ်ဘဲ။ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံရှိတာ – စားလိုက်တဲ့အစားအစာတွေကြောင့်လည်း မိန်းမကိုယ်မှာ အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်နော်။ ဒါကြောင့် မိန်းမကိုယ်အနံ့ဆိုးကင်းစေဖို့ဆိုရင် အစားအသောက်ကိုလည်း သေချာလေးသတိထားဖို့လိုပါမယ်။ မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်တိုးစေမယ့် အစားအစာတွေကိုကို သတိထားစားသုံးပေးပါ။

အတွင်းခံဘောင်းဘီကြောင့် အနံ့ဆိုးထွက်တာ – အတွင်းခံကို ရေချိုးတိုင်းလဲပေးသင့်တာပါ။ ဒါမှာ အနံ့အသက်ဆိုးကင်းမှာဖြစ်သလို အတွင်းခံသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့ မိန်းမကိုယ်ယားယံတာ၊ အဖြူဆင်းတာနဲ့ အခြားသောပြဿနာတွေကိုပါ ကင်းစေမှာပါ။ အတွင်းခံသန့်ရှင်းဖို့ ဂရုစိုက်သသင့်သလို အတွင်းခံကိုလည်း ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံစစ်စစ်ဖြစ်နေဖို့ သတိထားရပါမယ်။
အနံ့ဆိုးကင်းဖို့ ဒါလေးတွေဂရုစိုက်ပါ

မိန်းမကိုယ်အနံ့ဆိုးကင်းဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ပေးဖို့လိုပါမယ်နော်။

  •     တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
  •     ချည်သားအတွင်းခံကို ဝတ်ဆင်ပါ။
  •     အနံပြင်းတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေကိုရှောင်ပါ။
  •     ဒိန်ချဉ်စားပါ။
  •     လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်လုပ်ဆောင်လို့ နေ့ရက်တိုင်းမှာအနံ့အသက်ဆိုးကင်းလို့ လှချင်တိုင်းလှလိုက်တော့နော် လေဒီလေးတို့ရေ…….. ……………..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly