မြန်မာ့လက်ဝှေ့ ကြိုးဝိုင်းထဲတွင် ယှဉ်ပြိုင်ခဲ့ဖူးသည့်ONE Championship ၏ နိုင်ငံတကာ ကစားသမားများ

မြန်မာ့လက်ဝှေ့ ကြိုးဝိုင်းထဲတွင် ယှဉ်ပြိုင်ခဲ့ဖူးသည့်ONE Championship ၏ နိုင်ငံတကာ ကစားသမားများ

ONEChampionship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများ သည် မွေထိုင်း၊ Kick Boxing၊ လက်ဝှေ့ စသည့် မတ်ရပ် တိုက်ခိုက်ရသော ပညာရပ်များကိုရော ဂျူဂျစ်ဆု၊ နပမ်း၊ဂျူဒိုစသည့်မြေပြင်အချုပ် အသိမ်း ပညာရပ်များကို  ပါ တတ်မြောက် ကျွမ်းကျင် ထားကြသူများ ဖြစ်သည်။ ထို့ပြင် မွေထိုင်း၊ Kick Boxing၊ ကွန်ဖူး၊ လက်ဝှေ့ စသည့် အားကစားနည်း များကိုလည်းSuper Series တွဲဆိုင်းများ အဖြစ် ကျင်းပပေးလျက် ရှိသည်။ ထို့ကြောင့် ONE သည် နိုင်ငံတကာမှ အမျိုးမျိုးသော ကိုယ်ခံပညာရှင်များ စုစည်းနေသည့် အဖွဲ့အစည်း ဖြစ်ပြီး ၎င်းတို့ထဲမှ အချို့သည် မြန်မာ့ လက်ဝှေ့ ကြိုးဝိုင်းထဲ တွင်ပါ လာရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့်မှတ်တမ်းများရှိသည်။ယင်းသို့ ယှဉ်ပြိုင်ဖူးသည့် ကစားသမားများ အကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

၁။ Sasha Moisa

ယူကရိန်း နိုင်ငံသားကိုယ်ခံ ပညာရှင်  Sasha Moisa သည်ONE: Enter the Dragon ပြိုင်ပွဲ  မှ စတင်ကာ ONE Championship တွင် ပါဝင်လာခဲ့သူ ဖြစ်သည်။ ဆုငွေ ဒေါ်လာတစ်သန်း ချီးမြှင့်မည့် ONE ဖယ်သာဝိတ်  တန်း Kick Boxing Grand Prix  ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကာ ထိုင်းနိုင်ငံ သားSmokin’Jo Nattawut နှင့် ထိုးသတ်ခဲ့ရသည်။ WMC မွေထိုင်းလက်ဝှေ့ ချန်ပီယံ Moisa သည် ယင်းပွဲတွင် အနိုင်မရခဲ့သော်လည်း ၎င်း၏ Kick Boxing စွမ်းရည်ကို အကောင်းဆုံး ပြသနိုင်ခဲ့ပြီး အလားအလာ ရှိသည့် လူငယ် ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့သည်။

အသက် ၁၃ နှစ် ကတည်း က ဂျူဒို အားကစားကို စတင် လေ့လာခဲ့သူ Moisaသည် ၁၈ နှစ် အရွယ်တွင် မွေထိုင်းပညာကို ကူးပြောင်း သင်ယူခဲ့ပြီး နှစ်အနည်းငယ် အတွင်း ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲကို စတင်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ ၂ဝ၁၆ ခုနှစ် တွင် ထိုင်းသို့ ပြောင်းရွှေ့ အခြေစိုက်ကာ မွေထိုင်း ပြိုင်ပွဲများ တစိုက်မတ်မတ် ယှဉ်ပြိုင်ခဲ့ပြီး SaensatharnP.K.Saenchaimuaythaigym နှင့် Superbon Banchamek တို့ကဲ့သို့ နာမည်ကျော်များကို အနိုင်ရခဲ့ ဖူးသည်။

Moisa သည် ကစားသမား သက်တမ်းတစ် လျှောက် ပွဲပေါင်း ၄၆ ပွဲ ထိုးသတ်ခဲ့ရာတွင်၃၉ ပွဲ အနိုင်ရထားပြီး ၇ ပွဲသာ ရှုံးနိမ့်ထားသည်။ Thai Fight နှင့် ထိုင်းဘုရင့်ဖလား ပြိုင်ပွဲများတွင်လည်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူ Moisa သည် မြန်မာနိုင်ငံမှ World Lethwei Championship – WLC လက်ဝှေ့ ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီကမန္တလေးမြို့တွင် ကျင်းပခဲ့သော WLC7: Mighty Warriors ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံသား ရွှေရာမန်နှင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကာ တတိယ အချီတွင် အလဲထိုး အနိုင်ယူခဲ့သည်။

၂။ Nou Srey Pov

ကမ္ဘောဒီးယား ခွန်ခမာလက်ဝှေ့၏အမျိုးသမီးကမ္ဘာ့ချန်ပီယံNouSreyPovသည်ယခုနှစ်အတွင်းONEChampionshipနှင့်လက်တွဲခဲ့သူဖြစ်ပြီးပွဲဦးထွက်ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲတွင်နာမည်ကျော်ထိုင်းအားကစားမယ်Rika Ishige ကို အနိုင်ရခဲ့သည်။ ဒုတိယပွဲအဖြစ် အင်ဒိုနီးရှားအားကစားမယ် PriscillaHertati Lumban Gaol နှင့် အင်ဒိုမြေတွင် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင်မှသာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။

ငယ်စဉ်က လူကောင် သေးပြီး အားနည်း  သည့် Nou သည် မကြာခဏ အနိုင်ကျင့်ခံရသဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဦးလေးဖြစ်သူ ထံမှ ခွန်ခမာ လက်ဝှေ့ပညာကို သင်ယူခဲ့သည်။ စိတ်ဝင်တစား လေ့လာလိုက်စားမှု ကြောင့် မြန်မြန်ဆန်ဆန် တိုးတက်လာ ပြီး အသက် ၁၃ နှစ်တွင်ပင်ပထမဆုံးခွန်ခမာပွဲကို စတင်ယှဉ်ပြိုင်နိုင်ခဲ့သည်။Nouသည်ခွန်ခမာပွဲများ တွင်ကာလရှည်ကြာရှုံးပွဲမရှိစံချိန်တစ်ရပ်ကိုထိန်းသိမ်းနိုင်ခဲ့ပြီး ကစားသမားဘဝ  တစ်လျှောက် ပွဲပေါင်း ၉ဝ ကျော် အနိုင်ရခဲ့သည်။ ထို့ပြင် အနောက်တိုင်း လက်ဝှေ့ကိုလည်း လေ့လာ သင်ယူခဲ့သဖြင့် ဆီးဂိမ်း ပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။

Nou သည် ၂ဝ၁၈ ဖေဖော်ဝါရီက နေပြည်တော်တွင် ကျင်းပခဲ့သော WLC4:Bareknuckle-King လက်ဝှေ့ ပြိုင်ပွဲတွင် ရွှေစင်မင်းကို လည်းကောင်း၊ ၂ဝ၁၈ ဇွန်တွင် ကျင်းပခဲ့သော WLC5: Knockout War လက်ဝှေ့ ပြိုင်ပွဲတွင် ရွှေနဒီကိုလည်းကောင်း အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် WLC က ၎င်းကို ၂ဝ၁၈ ခုနှစ်၏ အကောင်းဆုံး အမျိုးသမီး ကိုယ်ခံပညာ အားကစားသမားအဖြစ်သတ်မှတ်ပေးခဲ့သည်။

၃။ Rin Saroth

မြန်မာနိုင်ငံတွင် နောက်ဆုံး လက်ခံကျင်းပခဲ့သည့် ONE Championship ပြိုင်ပွဲဖြစ်သော ONE: Reign of Valor တွင် ချင်းလူမျိုး ကစားသမားတီရဲလ်ထန်နှင့်  ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘောဒီယားကစားသမားRin Saroth သည် ၂ဝ၁၅ ခုနှစ် ကတည်းက ONE Championshipနှင့် လက်တွဲခဲ့သည့် ကစားသမားဖြစ်သည်။ ONE Championship တွင် ပွဲပေါင်း ၆ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂ ပွဲနိုင် ၄ ပွဲရှုံး ရလဒ် ရရှိထားသည်။

လယ်သမား မိသားစုမှ ဆင်းသက် လာသည့် Rin သည် ငယ်စဉ်ကတည်းက မိသားစုကိုထောက်ပံ့ရန်ကျောင်း ထွက်ကာခွန်ခမာလက်ဝှေ့ပွဲများလိုက်လံယှဉ်ပြိုင်ခဲ့သူဖြစ်သည်။  ထို့ကြောင့်ခွန်ခမာပွဲပေါင်း၁၃ဝကျော် ကစားခဲ့ဖူးပြီး ပွဲ ၁၁ဝ အနိုင်ရခဲ့ သည်။ ၂ဝ၁၃ တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စတင် ယှဉ်ပြိုင်ခဲ့ကာ ကမ္ဘောဒီးယား ပြည်တွင်းပြိုင်ပွဲ Khmer Warrior Challenge 3 တွင် ဖယ်သာဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ခဲ့သည်။ Rin သည် ၂ဝ၁၇ နိုဝင်ဘာက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် WLC3:LegendaryChampionsလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာကစားသမားဖိုးလပြည့်နှင့်ထိုးသတ်ခဲ့ဖူးပြီးတတိယ အချီတွင် အလဲထိုးခံ  ရကာ ရှုံးနိမ့်ခဲ့သည်။

၄။ Prak Chansin

ကမ္ဘောဒီးယား နိုင်ငံသား Prak Chansin သည် ခွန်ခမာ လက်ဝှေ့နှင့်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား နှစ်မျိုးစလုံး ယှဉ်ပြိုင် ကစားနေသူ ဖြစ်သည်။ ကမ္ဘောဒီယားမှ Khmer Warrior Championship ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ၂ဝ၁၃ ခုနှစ်က ONE ၏ ကစားသမား တစ်ဦးပင် ဖြစ်သည့် Rin Saroth ကို ပထမ အချီတွင်ပင် အလဲထိုး အနိုင်ယူခဲ့ ဖူးသည်။

Prak သည် ၂ဝ၁၄ ခုနှစ်က ကျင်းပခဲ့သည့်ONE:Rise of the Kingdom ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသားနာမည်ကြီး ကစားသမား ChanRothana နှင့် ယှဉ်ပြိုင်ခဲ့ကာ ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ်ခဲ့သည်။ ၎င်းသည် ၂ဝ၁၇ ခုနှစ် မတ်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံး WLC လက်ဝှေ့ ပြိုင်ပွဲဖြစ်သည့် WLC 1:The Great Beginning တွင် မြန်မာကစားသမား ကျားပေါက်နှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ပထမအချီတွင်ပင် အလဲထိုး ခံရကာ ရှုံးနိမ့်ခဲ့သည်။

၅။ Jian Kai Chee

မလေးရှား နိုင်ငံသား ကိုယ်ခံပညာ အားကစားသမား Jian Kai Chee သည်ONE Championship ၏ အစောပိုင်း ကာလများက ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ပွဲပေါင်း ၃ ပွဲ ထိုးသတ်ခဲ့သည်။ မလေးရှား ပြည်တွင်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် အစွမ်းပြနေသည့် Jian ကို ONE Championship က စိတ်ဝင်စားကာ ခေါ်ယူစာချုပ်ခဲ့ခြင်းဖြစ်ပြီး ၁ ပွဲနိုင်၂ ပွဲရှုံး ရလဒ် ရရှိခဲ့သည်။

ထို့နောက်တွင် Jian သည် ဖိလစ်ပိုင်  မှ URCC၊ အမေရိကန်မှ Glory နှင့် သြစတြေးလျမှ HFS ပြိုင်ပွဲများတွင်လည်း သွားရောက် ယှဉ်ပြိုင်ခဲ့ ဖူးသည်။ Jian သည် ၂ဝ၁၇ မတ်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံး WLC လက်ဝှေ့ ပြိုင်ပွဲဖြစ်သည့် WLC 1:The Great Beginning တွင် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသည်။ ယင်းပြိုင်ပွဲတွင် Jian သည် လက်ရှိONE ၏ ကစားသမား တစ်ဦးဖြစ်သော ဖိုးသော်၏အလဲထိုးခြင်းကို ပထမအချီတွင်ပင် ခံရပြီး ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required