နိုင်ဂျီးရီးယား အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၃၀ သေဆုံး

နိုင်ဂျီးရီးယား အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၃၀ သေဆုံး

ဇွန် ၁၇ ။           ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဇွန်လ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား၍ လူပေါင်း ၃၀ သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဘိုကိုဟာရမ် ဂျီဟတ် အကြမ်းဖက်အုပ်စု လုပ်ဆောင်နေကျ ၀ိသေသပုံစံမျိုးကို တွေ့ရကြောင်းလည်း သိရသည်။

ဘော်နိုပြည်နယ် မြို့တော် မိုင်ဒူဂူရီ မှ ၂၄ မိုင် ဝေးသည့် ကွန်ဒူဂါရပ်ကွက် ခန်းမတစ်ခုအပြင်ဘက်တွင် အသေခံဖောက်ခွဲရေးသမား သုံးဦးက ပေါက်ကွဲစေသော ပစ္စည်းများကို ဖောက်ခွဲသွားခဲ့ခြင်းဖြစ်သည်။

ယင်းခန်းမအတွင်း ဘောလုံးပွဲအားပေးသူ လူတစ်စုက တီဗီတွင်လာနေသည့် ပွဲစဉ်တစ်ခုကို ကြည့်နေစဉ် ယခုကဲ့့သို့ ဗုံးခွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

“ ခုချိန်ထိတော့ သေဆုံးသူဦးရေ ၃၀ ရှိသွားပါပြီ၊ အခြား လူ ၄၀ လောက် ဒဏ်ရာတွေ ရသွားပါတယ်” ဆိုပြီး ပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အူစမန် ကာချာလာက ပြောသည်။

ယခု တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်တလော မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိသေးသော်လည်း ယင်းဒေသတွင်း ယခင်ကတည်းက တိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သည့် ဘိုကိုဟာရမ်တို့ လက်ချက်ဖြစ်နိုင်ကြောင်း ယူဆရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required