ထိုင်ဝမ်က သဲပန်းပုထုလုပ်မှု ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်

ထိုင်ဝမ်က သဲပန်းပုထုလုပ်မှု ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်

ဇွန် ၁၇ ။        ။ ထိုင်ဝမ်မှာ လူဦးရေ အများဆုံးဖြင့် တစ်ပြိုင်နက်တည်း သဲပန်းပုရုပ်များ ထုလုပ်ပြီး ကမ္ဘာ့ ဂင်းနစ်စံချိန်သစ်တစ်ခုကို တင်ရှိနိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဂင်းနစ်စံချိန်မှတ်တမ်းဝင်ဖို့ ကြိုးစားမှုကိုတော့ ထိုင်ဝမ် အရှေ့မြောက် Fulong ကမ်းခြေမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယင်းမှာတော့ အပျော်တမ်း သဲပန်းပုထုသမားတွေဟာ အချိန်  မိနစ် ၉၀ အတိုင်းအတာအတွင်း လင်းပိုင် သဲပန်းပုရုပ်တုတွေ ထုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ယင်းအချိန်အတာအတွင်း ၎င်းတို့ဟာ လင်းပိုင် သဲပန်းပုရုပ်ပေါင်း ၂၈၇ ရုပ်ကို ထုဆစ်နိုင်ခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly