အာရှစနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာစနူကာ ကစားသမားနှစ်ဦး ပွဲဦးထွက် အနိုင်ရ

အာရှစနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာစနူကာ ကစားသမားနှစ်ဦး ပွဲဦးထွက် အနိုင်ရ
ဓာတ်ပုံ  -မြန်မာဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်

ရန်ကုန်၊ ဇွန် ၁၇ ။             ။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်နေသည့် အာရှစနူကာချန်ပီယံရှစ် Asian Men Snooker Championship ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်ကစားသမား ကိုထက်နှင့် ဝင်းကိုကို တို့သည် ပွဲဦး ထွက်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။

ဇွန်လ ၁၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ကိုထက်နှင့် ဂျော်ဒန် ကစားသမား Mahmoud Alta'Any တို့ပွဲတွင် ကိုထက် မှ ၄ပွဲ နိုင် ၃ပွဲရှုံးဖြင့် အနိုင်ရရှိခဲ့ပြီး ၊ ဝင်းကိုကို နှင့် အိမ်ရှင်ကာတာ ကစားသမား Essa Alqubaisi တို့ပွဲစဉ်တွင် ဝင်းကိုကို မှ ၄ ပွဲနိုင် ၁ ပွဲရှုံးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အာရှဘိလိယက် နှင့်စနူကာ အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Asian Men Snooker Championship ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာ၊ ထိုင်း ၊ ဟောင်ကောင်၊အိန္ဒိယ ၊ အီရန်၊ ပါကစ္စတန် နိုင်ငံတို့မှ ကစားသမား ၅၀ ခန့် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ Asia Men Snooker Championship ပြိုင်ပွဲ ပွဲစဉ်အပြီး တွင် 6 Red ၊ Team ပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာလက်ရွေးစင်ကစားသမား နှစ်ဦး လုံးသည် အဆိုပါပြိုင်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲအဖြစ် အကြိမ် ၃၀ မြောက် (SEA GAME) ပြိုင်ပွဲ ၊ ကမ္ဘာ့ဘိလိယက် နှင့်စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ ၊ အာရှဘိလိယက် နှင့် ယူ-၂၁ စနူကာချန်ပီယံရှစ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly