ဟောင်ကောင်မှာ အစိုးရနုတ်ထွက်ရေး တောင်းဆိုရန် လူထောင်သောင်းချီ စုရုံးချီတက်

ဟောင်ကောင်မှာ အစိုးရနုတ်ထွက်ရေး တောင်းဆိုရန် လူထောင်သောင်းချီ စုရုံးချီတက်

ဇွန် ၁၆  ။            ။ အငြင်းပွားဖွယ်ရာ ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကြမ်းကြောင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်ထားခဲ့သည့် ဟောင်ကောင်တွင် ယနေ့ ဇွန်လ ၁၆ ရက်တွင်လည်း ကြီးမားသည့် စုရုံးချီတက်ဆန္ဒပြမှုများ ထပ်မံပေါ်ပေါက်လာခဲ့ပြန်ကြောင်း သိရသည်။

ထောင်ပေါင်းများစွာသော အနက်ရောင်ဝတ် ဆန္ဒပြသမားများသည် ယင်းနေ့တွင် ဟောင်ကောင်မြို့တွင်း အစိုးရရုံး အဆောက်အအုံများထံသို့ ဦးတည်ချီတက်ခဲ့ကြသည်။

အဆိုပါ အငြင်းပွား ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေကို လက်တလော ခေတ္တဆိုင်းငံ့ထားမည်ဟု ဟောင်ကောင် အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း ဆန္ဒပြသမားများဘက်က ရှေ့ဆက်တိုး လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

ယင်း ဥပဒေကို ခေတ္တ မဟုတ်ဘဲ အပြီးအပိုင် ဖျက်သိမ်းပစ်ရေးကိုသာ  ဆန္ဒပြသမားများဘက်က လိုလားနေလျက် ရှိသည်။

ယနေ့ မြို့တွင်းလမ်းများပေါ်သို့ ရောက်လာသည့် အနက်ရောင်ဝတ် ဆန္ဒပြသမားများကတော့ လက်ရှိ အကျပ်အတည်း ကြုံတွေ့နေရသည့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ် ရာထူးကနေ ဆင်းပေးရေး တောင်းဆိုရန် ချီတက်ခဲ့ကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ယခင် ရက်များအတွင်းက ဆန္ဒပြသမားများအပေါ် အာဏာပိုင်များက နှိမ်နင်းထိန်းချုပ်ထားခဲ့ပြီးနောက် ယခုအခါ နောက်ထပ် ကြီးမားသည့် လမ်းထွက်ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required