ဂျနီဖာလော်ရင့်စ် နဲ့ လီအမ်ဟမ်ဆော့တို့ တွဲနေကြပြီလား

ဂျနီဖာလော်ရင့်စ် နဲ့ လီအမ်ဟမ်ဆော့တို့ တွဲနေကြပြီလား

ဟောလီးဝုဒ်မင်းသမီး ဂျနီဖာလော်ရင့်စ်သည် Hunger Games ဇာတ်ကားတွင် အတူ ပူးတွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား လီအမ်ဟမ်ဆော့နှင့် တွဲနေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ဂျနီဖာလော်ရင့်စ် နှင့် လီအမ်ဟမ်ဆော့တို့သည် Hunger Games ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း ၎င်းတို့နှစ်ဦး၏ သရုပ်ဆောင်မှုသည် ဇာတ်ညွန်းနှင့် တစ်ထပ်တည်း ကျအောင် သရုပ်ဆောင်နိုင်မှုအပေါ် ပရိတ်သတ်များက အံသြလျက်ရှိပြီး ယခုအခါ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးနှင့် ပတ်သတ်ပြီး မေးခွန်းများထုတ်လျက် ရှိသည်။

“ပရိတ်သတ်များက လော်ရင့်စ်နဲ့ လီအမ်တို့ တွဲနေကြပြီလို့ ယူဆနေကြတယ်” ဟု သတင်းအ ရင်းမြစ်က ပြောကြားသည်။ ဂျနီဖာလော်ရင့်စ်နှင့် လီအမ်ဟမ်ဆော့တို့သည် The Hunger Games ဇာတ်ကား ရိုက်ကူးနေစဉ် သူငယ်ချင်းများ ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးသည် ဆက်ဆံရေးကို  လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အတွက် အတိအလင်း တွဲနေခြင်းမရှိကြောင်း Youth Health မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ဂျနီဖာနှင့် လီအမ်တို့နှစ်ဦးသည် ချစ်သူရည်စားများနှင့် လမ်းခွဲထားကြသူများ ဖြစ်သည့်အ တွက် တစ်ယောက်နှင့်တစ်ယောက် ဖေးဖေးမမ ကူညီလျက် ရှိသည်။ယခုကဲ့သို့ ကောလဟာလ သတင်း ထွက်ပေါ်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly