ဇွန် ၁၆ ။ ။ နာမည်ကျော် ပန်းချီအနုပညာရှင်ကြီး ပတ်ဘလို ပီကာဆို၏ အနုပညာလက်ရာများကို စုစည်းပြသထားသည့် အကြီးတကာ့ အကြီးဆုံးသော ပြပွဲကြီးတစ်ရပ်ကို တရုတ်တွင် ဇွန်လ ၁၅ ရက်က ကျင်းပခဲ့သည်။
ယင်း ပြပွဲကြီးတွင် ပီကာဆို ဖန်တီးခဲ့သော လက်ရာပေါင်း ၁၀၀ ကျော်ကို ထည့်သွင်းပြသထားပြီး ယင်းတို့အနက် အများစုဟာ အနုပညာရှင်ကြီး၏ အစောပိုင်းခုနှစ်များအတွင်း ဖန်တီးထားခဲ့သော လက်ရာများဖြစ်ကြောင်း သိရသည်။
“ပါရမီရှင်တစ်ဦး မွေးဖွားခြင်း” ဟု ခေါင်းစဉ်ပေးထားသည့် အဆိုပါ ပြပွဲကြီးတွင် ပါရီရှိ ပီကာဆိုပြတိုက်မှ အကောင်းတကာ့ အကောင်းဆုံးလက်ရာများကို တစ်စုတစ်စည်းတည်း ပြသထားကြောင်း ယင်းပြတိုက်၏ ဥက္ကဌ လောရင်း လီဘွန်းက ပြောသည်။
ပြပွဲတွင် ပြသထားသည့် လက်ရာများထဲတွင် ပန်းချီကားများ၊ ရုပ်တုများ၊ ရုပ်ပုံကားချပ်များ ပါဝင်နေသည်။ ယင်းအပြင် ပီကာဆို ငယ်ရွယ်စဉ်အခါက ဓာတ်ပုံများကိုလည်း ထည့်သွင်း ပြသထားသည်။
တရုတ်တွင် ပထမဆုံးသော ပီကာဆို လက်ရာပြပွဲကို လွန်ခဲ့သည့် ၁၉၈၃ တွင် ပြုလုပ်ခဲ့ပြီး ထိုစဉ်အခါက လက်ရာအရေအတွက် ၃၃ ခုမျှသာ ပြသနိုင်ခဲ့ဟု သိရသည်။