ရှီကျင့်ဖျင်အတွက် မွေးနေ့ပါတီပွဲ ပြုလုပ်ပေးခဲ့သည့် ပူတင်

ရှီကျင့်ဖျင်အတွက် မွေးနေ့ပါတီပွဲ ပြုလုပ်ပေးခဲ့သည့် ပူတင်

ဇွန် ၁၆ ။         ။ ဇွန်လ ၁၅ ရက်တွင် ကျရောက်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အသက် ၆၆ နှစ်ပြည့် မွေးနေ့အတွက် ပါတီပွဲတစ်ခုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စီစဉ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်က တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတစ်ရပ်မတိုင်ခင် ပူတင်က ရှီ၏ ၆၆ နှစ်ပြည့် မွေးနေ့ပွဲကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်း မွေးနေ့ပါတီတွင် ရုရှားသမ္မတ ပူတင်က တရုတ်သမ္မတ ရှီအား ဧရာမ ရေခဲမုန့်ဘူးကြီးတစ်ဘူးနှင့် ကိတ်မုန့်တို့ကို မွေးနေ့လက်ဆောင် ပေးအပ်ခဲ့သည်ဟု ကရင်မလင်က ပြောသည်။

ယင်းသည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ဆက်ဆံရေး ပိုမိုနွေးထွေးရင်းနှီးလာခြင်းကို ပြသနေလျက်ရှိသည်ဟုလည်း ဆိုသည်။

တရုတ်သမ္မတနှင့် ရုရှားသမ္မတ တို့သည် အာရှဒေသတွင်း အပြန်အလှန်ဆက်ဆံရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ အစည်းအဝေး CICA တို့ တက်ရောက်ရန် တာဂျစ်ကစ္စတန်နိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required