အဖိနှိပ်ခံသာသနာနှင့် အဖိနှိပ်ခံပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

16 June 2019
အဖိနှိပ်ခံသာသနာနှင့် အဖိနှိပ်ခံပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အဖိနှိပ်ခံသာသနာနှင့် အဖိနှိပ်ခံပြည်သူများအတွက် မေတ္တာပို့ဆုတောင်းခြင်းဟုဆိုကာ ဆုတောင်းပွဲ တစ်ခုကို ၂၀၁၉ ခုနှစ်၊ဇွန်လ ၁၅ ရက်၊နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး) ရင်ပြင်ပေါ်တွင် ပြုလုပ်စဉ်။

အဆိုပါ ဆုတောင်းမေတ္တာပို့သခြင်းကို အစပိုင်းတွင်သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ တားဆီး မှုများရှိခဲ့သော်လည်း ဆရာတော်သံဃာတော်အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့မှ ဆက်လက်လုပ်ဆောင် ခဲ့ကြပြီး "ကိုယ့်နိုင်ငံနဲ့ ဘာသာသာသနာကို စောင့်ရှောက်တဲ့နေရာမှာ ဘယ်လိုဥပဒေမျိုးကိုမှ ချိုးဖောက်တယ်ဆိုတာမရှိပါဘူး"ဟုဆုတောင်းပွဲတွင်ပါဝင်သူ ဆရာတော်ဦးဣန္ဒဝီရ (လှည်းကူး ဆရာတော်) မှပွဲအပြီးတွင် မီဒီယာများကိုပြောကြားသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly