အိန္ဒိယက ကမ္ဘာဂြိုဟ်ပတ်လမ်းအတွင်း ကိုယ်ပိုင်အာကာသယာဉ်စခန်း လွှတ်တင်ထားနိုင်ဖို့ ရည်မှန်း

အိန္ဒိယက ကမ္ဘာဂြိုဟ်ပတ်လမ်းအတွင်း ကိုယ်ပိုင်အာကာသယာဉ်စခန်း လွှတ်တင်ထားနိုင်ဖို့ ရည်မှန်း

နယူးဒေလီ၊ ဇွန် ၁၄ ။          ။ အိန္ဒိယနိုင်ငံဟာ မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာဂြိုဟ်ပတ်လမ်းထဲ ကိုယ်ပိုင်အာကာသယာဉ်စခန်း လွှတ်တင်ထားနိုင်ဖို့ ရည်မှန်းထားကြောင်း ဇွန် ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။

ကိုယ်ပိုင်အာကာသစခန်း လွှတ်တင်တာအပြင် အခြား စီမံကိန်းတွေကိုလည်း ရေးဆွဲထားပြီဖြစ်တယ်လို့ အိန္ဒိယ အာကာသသုတေသနအဖွဲ့ ISRO က ကြေညာတာ ဖြစ်ပါတယ်။

“အိန္ဒိယနိုင်ငံအနေနဲ့ ကိုယ်ပိုင် အာကာသစခန်း ရှိထားဖို့ စီစဉ်လျက် ရှိတယ်။”လို့ ISRO ဥက္ကဌ ဆီဗန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒါမျိုး လုပ်ဆောင်တာဟာ ကြီးကြီးမားမားရယ်လို့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့နိုင်ငံကို အခု ရှိထားတဲ့ နိုင်ငံတကာအာကာသယာဉ်စခန်း ISS ရဲ့ တစ်စိတ်တစ်ပိုင်းလေး ပါဝင်နေရတာမျိုး မဖြစ်ချင်ဘူး။”လို့ ဆီဗန်းက ထပ်လောင်း ပြောပါတယ်။

ဂြိုဟ်ပတ်လမ်းထဲ လူလိုက်ပါတဲ့ အာကာသယာဉ် အောင်မြင်စွာ မလွှတ်တင်သေးရမချင်း အခု အာကာသယာဉ်စခန်း လွှတ်တင်တည်ဆောက်ဖို့ကို ISRO အနေနဲ့ ဇောက်ချလုပ်ဦးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ဒီ ကိုယ်ပိုင်အာကာသယာဉ်စခန်းအတွင်း အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လျာထားချပေးပြီး ၂၀၂၀ မှာ လွှတ်တင်ဖို့ ရှိနေပါတယ်။

ဒါအပြင် လကမ္ဘာရဲ့ မူလရင်းမြစ်နဲ့ ဆင့်ကဲပြောင်းလဲပုံ လေ့လာပြီး ရေရှိမရှိပါ သုတေသနပြုဖို့ ဇူလိုင် ၁၅ ရက်မှာ လကမ္ဘာခရီးစဉ် လွှတ်တင်ဖို့ ရှိနေကြောင်း ဆီဗန်းက ကြေညာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required