ရေနံတင်သင်္ဘောမှ မပေါက်ကွဲသေးသော မိုင်းကို အီရန်ရေယာဉ်က လာရောက်ဖယ်ရှားသွားသည့် ဗီဒီယိုကို အမေရိကန် ထုတ်လွှင့်ပြသ

ရေနံတင်သင်္ဘောမှ မပေါက်ကွဲသေးသော မိုင်းကို အီရန်ရေယာဉ်က လာရောက်ဖယ်ရှားသွားသည့် ဗီဒီယိုကို အမေရိကန် ထုတ်လွှင့်ပြသ

ဇွန် ၁၄ ။           ။ ယမန်နေ့က အိုမန်ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော နှစ်စင်းအနက် တစ်စင်းဖြစ်တဲ့ ဂျပန် သင်္ဘော Kokuka Courageous အနီး အီရန် ရေတပ်ကင်းလှည့်ရေယာဉ်တစ်စင်း ချဉ်းကပ်လာပြီး သင်္ဘောကနေ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို လာရောက်ရှင်းလင်းဖယ်ရှားသွားပုံကို ရိုက်ကူးမိထားတဲ့  ဗီဒီယိုတစ်ခု အမေရိကန်တို့က ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ရေနံတင်သင်္ဘောကြီးတစ်စင်းအနီး ကင်းလှည့်ရေယာဉ်တစ်စင်း ချဉ်းကပ်လာပြီး ပြန်လည်ထွက်ခွာသွားပုံကို မြင်တွေ့ခဲ့ရပါတယ်။

ဇွန်လ ၁၃ ရက်က ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး မီးလောင်ခဲ့မှုဖြစ်စဉ်မှာတော့ လက်သည်တရားခံက အီရန်ဖြစ်ကြောင်း အမေရိကန်က ထုတ်ဖော်စွပ်စွဲထားပါတယ်။

ယင်းစွပ်စွဲချက်ကိုတော့ အခြေအမြစ် မရှိဘူးဆိုပြီး အီရန်ဘက်က ငြင်းဆန်ထားပါတယ်။

ဒီ သင်္ဘောတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အသုံးပြုသွားတဲ့ လက်နက်အမျိုးအစားနဲ့့ ပတ်သက်လို့ အမေရိကန်ဘက်က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြောသွားပါတယ်။

အဆိုပါ မဟာဗျူဟာကျ ပင်လယ်ရေလမ်းကြောင်းမှာ  ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရခြင်းဟာ တစ်လအတွင်း နှစ်ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required