အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် ဆာရာဆန်းဒါး ရာထူးကနေ နုတ်ထွက်မည်

အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် ဆာရာဆန်းဒါး ရာထူးကနေ နုတ်ထွက်မည်

ဇွန် ၁၄ ။         ။ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူဖြစ်တဲ့ ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်းဒါးက ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။

၎င်းရဲ့ ပြောရေးဆိုခွင့် ရှိသူဟာ ဇွန်လကုန်ကျရင် ထွက်ခွာတော့မှာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။

ယင်းအတွက်ကြောင့် မစ္စစ် ဆန်းဒါးကတော့ အိမ်ဖြူတော်ကနေ ထွက်ခွာမယ့် နောက်ထပ် အဆင့်မြင့် ဝန်ထမ်းတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ယခုလို အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် တာဝန်ကို ထမ်းဆောင်ခဲ့ရတာကတော့ သူမဘဝမှာ ဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်ကြောင်း ဆန်းဒါးက ပြောသွားပါတယ်။

ဆာရာဆန်းဒါးကတော့ ၂၀၁၇ ဇူလိုင်လတုန်းက ဒုတိယ ပြန်ကြားရေးအတွင်းဝန်အဖြစ် ရှောင်စပိုက်ဆာ နေရာမှာ အစားဝင်ပြီး တာဝန်ယူထမ်းဆောင်နေခဲ့သူလည်း ဖြစ်ပါတယ်။

ထရမ့်ကတော့ ဆန်းဒါးကို ၎င်းအတွက် အကောင်းဆုံးသော ရဲဘော်ရဲဘက်တစ်ဦးဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required